ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီ၊ နယူးကာဆယ်ဂိုးသမား နစ်ပုပ်နဲ့ နယူးကာဆယ်တိုက်စစ်ကစားသမား ဂေါ်ဒွန်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်မယ်လို့ သိရပါတယ်။
အင်္ဂလန်အသင်းဟာ နိုဝင်ဘာ (၁၃)မှာ ဆားဘီးယား၊ နိုဝင်ဘာ(၁၆)မှာ အယ်လ်ဘေးနီးယားအသင်းတွေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားနောက်ဆုံးခြေစစ်ပွဲနှစ်ပွဲ ဆင်နွှဲရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်တာကြောင့် ရလဒ်ပိုင်းကတော့ အရေးမကြီးတော့ပါဘူး။
ပဲလေ့စ်နောက်ခံလူ ဂူဟီဟာ ကွန်းဖရန့်လိဂ်ပွဲမှာ ခြေဖဝါးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နစ်ပုပ်ကတော့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂေါ်ဒွန်ကတော့ တင်ပါးဒဏ်ရာကြောင့် ဘရန့်ဖို့ဒ်နဲ့ ပွဲကိုလည်း လွဲချော်ခဲ့ရပြီး ဒဏ်ရာက မပြင်းထန်ပေမဲ့ အင်္ဂလန်အသင်းရဲ့ပွဲတွေကို လွဲချော်ရလိမ့်မယ်လို့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက အတည်ပြုပြောကြားခဲ့ပါတယ်။
အင်္ဂလန်ကစားသမားတွေဟာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းရှိ၊ မရှိ ဒီနေ့ သတင်းပို့ရမှာဖြစ်ကြောင်း သိရပါတယ်။















