■ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းတွင် ခုနစ်လွှာမှ တိုက်နှစ်လုံးကြားသို့ ကလေးငယ်တစ်ဦး ပြုတ်ကျခဲ့ပြီး ၁၆ မိနစ်ခန့်အကြာတွင် ကယ်ဆယ်နိုင်ခဲ့

■ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းတွင် ခုနစ်လွှာမှ တိုက်နှစ်လုံးကြားသို့ ကလေးငယ်တစ်ဦး ပြုတ်ကျခဲ့ပြီး ၁၆ မိနစ်ခန့်အကြာတွင် ကယ်ဆယ်နိုင်ခဲ့
Published 18 October 2025

ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းတွင် ခုနစ်လွှာမှ တိုက်နှစ်လုံးကြားသို့ ကလေးငယ်တစ်ဦး ပြုတ်ကျခဲ့ပြီး ၁၆ မိနစ်ခန့်အကြာတွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီ ၂၇ မိနစ်ခန့် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ရေကျော် YMBA ရုံးအနီးရှိ တိုက်နှစ်လုံးကြားတွင် ကလေးတစ်ဦး ပြုတ်ကျနေကြောင်း သတင်းရရှိသဖြင့် ပုဇွန်တောင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ကျောက်တံတာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ပြီးနောက် ၁၆ မိနစ်ခန့်အကြာတွင် ညပ်နေသောကလေးငယ်အား ကယ်ထုတ်ပြီး ပီတိမေတ္တာလူမှူကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုတော်တစ်ဦးဖြစ်သူ မေချစ်သက် အကောင့်ကလည်း " အမှတ်မထင် ကယ်ဆယ်ခွင့်ရလို့ ကယ်နိုင်ခဲ့တဲ့ ကလေးလေးပါပဲ။ သက်တို့ သားအမိ၂ယောက် အပြင်ကနေ အိမ်ကိုပြန်အရောက် ကားပေါ်က ဆင်းခါစပဲရှိသေးတယ် အိမ်ရှေ့အိမ်ကနေ အော်သံတွေကြားလို့ သားအမိ၂ယောက် ရပ်ပြီး စပ်စုနေတုန်း ရန်ဖြစ်နေတယ်ထင်လို့ အိမ်ပေါ်တတ်မယ်အလုပ်မှာ ကယ်ကြပါဦး ရလွှာကနေ ကလေးပြုတ်ကြသွားလို့ပါ ကယ်ပေးကြပါဦး လုပ်ကြပါဦးဆိုတာနဲ့ သားအမိ၂ယောက်လုံး အထုပ်တွေ ပစ်ချပြီး အိမ်ရှေ့အိမ်ကိုပြေး ကလေးက တိုက်ကြား ၃လွှာအထပ်မှာ ညှပ်နေပြီး အော်နေရှာတာ အရင်ဆုံးပြေးလာပြီး ကလေးရှိတဲ့နေရာကို ရအောင်ဝင်ပြီး ကလေးကို ဆွဲထားပေးတဲ့ လုံခြုံရေးအကို၂ယောက်လည်း တကယ့်ကို သတ္တိရှိတာပါ ကိုယ်လည်း ရင်တွေတုန် လက်တုန်ခြေတုန်ဖြစ်ပြီး ဘာလုပ်ရမလဲမသိခင်မှာ ခေါင်းထဲပေါ်လာတာက ပုလဲမီးသတ် ကိုထင်လင်းအောင်ကို ခေါင်းထဲရောက်လာပြီး ဖုန်း ကမန်းကတန်းဆက်ရတယ် ချက်ချင်းဖုန်းကိုင်ပေးပြီး အနီးဆုံးမီးသတ်ဌာနတွေကို ဆက်သွယ်ပေးလို့ ကိုထင်လင်းအောင် (ပုလဲအရံမီးသတ်တပ်ဖွဲ့) ကို ကျေးဇူးတင်ပါတယ် အဲ့ကနေမှတဆင့် ကယ်ဆယ်ဖို့ အရေးပေါ်ကားနဲ့ ချက်ချင်းရောက်ရှိလာတဲ့ ၅၁ လမ်းက ပီတိမေတ္တာ လူမှုကူညီရေးအသင်းကိုလည်း ကျေးဇူးတင်ပါတယ်နော် နောက်ပြီး ပစ္စည်းအပြည့်အစုံနဲ့ကယ်ဆယ်ရေးရောက်ရှိလာတဲ့ ကိုပူတူးကယ်ဆယ်ရေးအဖွဲ့နဲ့ အရေးပေါ်အမြန်ဆုံး ရောက်ရှိလာကြတဲ့ မီးသတ်အဖွဲ့များနဲ့ အကုန်ရောက်ရှိလာကြတဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးအထူးတင်ပါတယ် ကလေးလေးလည်း ဘေးကင်းခဲ့ပါပြီ အမှတ်မထင် ကယ်ဆယ်ခွင့်ရခဲ့လို့လည်း ကိုယ်တိုင်အတိုင်းမသိ ကြည်နူးမိပါတယ်"  ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

 

Most Read

Most Recent