လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် တိုနာလီကို ပေါလ်စခိုးလ် ရွေးချယ်

လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် တိုနာလီကို ပေါလ်စခိုးလ် ရွေးချယ်
Photo: X
Photo: X
Published 8 October 2025

မန်ယူအသင်းရဲ့ နာမည်ကျော်ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ်က လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် နယူးကာဆယ်က အီတလီကစားသမား တိုနာလီကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။

တိုနာလီ(၂၅ နှစ်)ဟာ ၂၀၂၃ နွေရာသီမှာ အေစီမီလန်ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့ကြေးယူရိုသန်း(၇၀)ဝန်းကျင်နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံး အီတလီကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

တိုနာလီဟာ ပထမဆုံးရာသီမှာ လောင်းကစားမှုကြောင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပေမဲ့ ပြီးခဲ့တဲ့ရာသီမှာရော ဒီရာသီမှာပါ အသင်းရဲ့ အမာခံကစားသမားအဖြစ် ခြေစွမ်းပြနေပါတယ်။

''ကျွန်တော်က ကိုင်စီဒိုကို ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားလို့ မထင်သေးပါဘူး။ ကျွန်တော်က သူ့ထက် ဂိုးပိုသွင်းနိုင်တဲ့ကစားသမားမျိုး၊ ဘောလုံးကို ထိန်းညှိကစားနိုင်သူမျိုးကို ပိုသဘောကျပါတယ်။ တိုနာလီကို ကျွန်တော် ရွေးချယ်တာ ဒီအချက်ကြောင့်ပါ။ သူက အရမ်းကောင်းတဲ့ ကစားသမားပါ။ ဒက်ကလန်ရိုက်စ်လည်း ရှိတယ်လို့ ခင်ဗျားပြောနိုင်ပေမဲ့ တိုနာလီက သူ့ထက်ပိုကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရိုက်စ်ကို ကျွန်တော် တကယ်ကြိုက်ပေမဲ့ တစ်ခါတစ်ရံ သူ့ရဲ့ ဘောလုံးထိချက်တွေက များလွန်းပါတယ်။ လိုအပ်တာထက်ပိုပြီး စတိုင်လုပ်ဖို့ ကြိုးစားနေတယ်လို့လည်း ထင်ပါတယ်'' လို့ ပေါလ်စခိုးလ်က ပြောကြားခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်စွမ်းဆောင်ရည်မှတ်တမ်းမှာတော့ တိုနာလီဟာ ဂိုးဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်နိုင်သေးကြောင်း သိရပါတယ်။

Most Read

Most Recent