ရုရှားနိုင်ငံ၊ မော်စကိုမြိုတွင် ကျင်းပသည့် လူငယ်နှင့် အနာဂတ်မြန်မာ သိပ္ပံနှင့် နည်းပညာ အလုပ်ရုံဆွေးနွေးပွဲသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသည့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့(စက်တင်ဘာ ၂၅ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းက မော်စကိုမြို့ရှိ Radission Collection ဟိုတယ်၌ ကျင်းပသည့် လူငယ်နှင့် အနာဂတ်မြန်မာ သိပ္ပံနှင့် နည်းပညာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရပ်ဘက်တက္ကသိုလ်အသီးသီး၌ ပညာသင်ကြားနေသည့် Ph.D၊ D.Sc ပညာတော်သင် အရာရှိခြောက်ဦးက သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။















