■ ထိုင်းနိုင်ငံရှိ စတီးသတ္တုကျိုစက်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

■ ထိုင်းနိုင်ငံရှိ စတီးသတ္တုကျိုစက်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
Published 18 August 2025

ထိုင်းနိုင်ငံရှိ စတီးသတ္တုကျိုစက်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၂ ရက် နံနက် ၃ နာရီခန့်တွင် ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ စတီးသတ္တုကျိုစက်ရုံ (T.S.B STEEL)တွင် သတ္တုကျိုသည့် မီးဖိုပေါက်ကွဲမှုကြောင့် ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦးမှာ မီးလောင်သေဆုံးခဲ့ကြောင််း၊ ထို့ပြင် ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ အလုပ်သမားသံမှူးနှင့်အဖွဲ့က ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် အမြန်ဆုံးရရှိနိုင်ရေးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားအတွက် ဥပဒေနှင့်အညီ ဆေးကုသခွင့်နှင့်အကျိုးခံစားခွင့်များရရှိရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော အလုပ်သမားအတွက်တွေ့ဆုံဆွေးနွေးအားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။

Most Read

Most Recent