မော်ရင်ဟိုကြောင့် ဖီနာဘာချီအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဆယ်မီဒို ပြောကြား

မော်ရင်ဟိုကြောင့် ဖီနာဘာချီအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဆယ်မီဒို ပြောကြား
Photo: X
Photo: X
Published 4 August 2025

တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ပေါ်တူဂီနောက်ခံလူ ဆယ်မီဒိုက မော်ရင်ဟိုကြောင့် ဖီနာဘာချီအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆယ်မီဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ဝုလ်ဗ်အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ရပေမဲ့ ရာသီကုန်ချိန်မှာ သက်တမ်းမတိုးတော့ဘဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

(၃၁)နှစ်ရှိပြီဖြစ်တဲ့ ဆယ်မီဒိုက သူ့ကို ခေါ်ယူလိုတဲ့အသင်းများစွာ ရှိခဲ့ပေမဲ့ ဖီနာဘာချီအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

'' ကျွန်တော် တခြားကမ်းလှမ်းမှုတွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖီနာဘာချီကို သွားချင်တယ်လို့ အေးဂျင့်ကို ချက်ချင်းပြောခဲ့တာပါ။ ကျွန်တော် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်သွားချင်ပါတယ်။ ဖီနာဘာချီဟာ တူရကီက အကြီးမားဆုံးကလပ်ဆိုတာ ကျွန်တော် သိထားပါတယ်။ ပြီးတော့ မော်ရင်ဟိုလို နည်းပြ ကိုင်တွယ်နေတဲ့အသင်းပါ။ ဒါက ကျွန်တော့်ဆုံးဖြတ်ချက်အတွက် ကြီးမားတဲ့သက်ရောက်မှုဖြစ်ခဲ့ပါတယ်'' လို့ ဆယ်မီဒိုက ပြောကြားခဲ့ပါတယ်။

ဖီနာဘာချီအသင်းက PSG နောက်ခံလူ ရှာကညီရာကိုလည်း (၄)နှစ်စာချုပ်နဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

 

Most Read

Most Recent