အင်္ဂလန်နောက်ခံလူ ဂူဟီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)လို့ ခရစ္စတယ်ပဲလေ့စ် သတ်မှတ်

အင်္ဂလန်နောက်ခံလူ ဂူဟီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)လို့ ခရစ္စတယ်ပဲလေ့စ် သတ်မှတ်
Photo: X
Photo: X
Published 3 August 2025

ခရစ္စတယ်ပဲလေ့စ်အသင်းက လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အင်္ဂလန်နောက်ခံလူ ဂူဟီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)လို့ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

ဂူဟီ(၂၅ နှစ်)ဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမားဟောင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ပေါင်(၁၈)သန်းနဲ့ ခေါ်ယူခဲ့တာပါ။

ဂူဟီဟာ ခရစ္စတယ်ပဲလေ့စ်ကို စရောက်ကတည်းက အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။

ဂူဟီကို နယူးကာဆယ်အသင်းက ပြီးခဲ့တဲ့နှစ်ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး လက်ရှိအချိန်မှာတော့ လီဗာပူးလ်အသင်းက ကမ်းလှမ်းဖွယ်ရှိကြောင်း သိရပါတယ်။ 

ဂူဟီကလည်း လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းက ပြောင်းရွှေ့ကြေးသတ်မှတ်ခဲ့တာဖြစ်ပြီး အစားထိုးဖို့ ကစားသမားတွေကိုလည်း ရှာဖွေနေပြီဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent