■ မလေးရှားစူပါလိဂ်ကလပ် နီဂရီဆမ်ဘီလန်အသင်းကို ဝေလင်းအောင် ပြောင်းရွှေ့မယ်

■ မလေးရှားစူပါလိဂ်ကလပ် နီဂရီဆမ်ဘီလန်အသင်းကို ဝေလင်းအောင် ပြောင်းရွှေ့မယ်
Photo: YUFC
Photo: YUFC
Published 30 July 2025

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား ဝေလင်းအောင်ဟာ မလေးရှားစူပါလိဂ်ကလပ် နီဂရီဆမ်ဘီလန်အသင်းကို ပြောင်းရွှေတော့မယ်လို့ သိရပါတယ်။

ဝေလင်းအောင်နဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ဟာ ဇူလိုင် (၂၉) ရက်က နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ ကစားသမားဝေလင်းအောင်ရဲ့ တက်လမ်းကိုကြည့်ခြင်းအားဖြင့် စာချုပ်ကို ဖျက်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

ဝေလင်းအောင်ဟာ အားကာသိပ္ပံအသင်းက ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး MNL ကလပ်အသင်းတွေဖြစ်တဲ့ အားကာသိပ္ပံ၊ ဒဂုံစတားယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်အသင်းတွေမှာ ကစားခဲ့သူဖြစ်ပါတယ်။ 

ဝေလင်းအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ရာသီကမှ ရန်ကုန်ယူနိုက်တက်အသင်းထံကို ရောက်လာသူဖြစ်ပြီး ယခုအခါမှာတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပထမဆုံး ပြည်ပထွက်ကစားတော့မှာ ဖြစ်ပါတယ်။

နီဂရီဆမ်ဘီလန်အသင်းဟာ မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်ရဲ့အသင်းဟောင်းဖြစ်ပြီး ဟိန်းထက်အောင်ဟာ (၂) ရာသီကြာ ကစားခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ဟိန်းထက်အောင်က နီဂရီဆမ်ဘီလန်အသင်းကနေ ရန်ကုန်ယူနိုက်တက်အသင်းထံ ရောက်ရှိနေပြီဖြစ်ပြီး ဝေလင်းအောင်က ရန်ကုန်ယူနိုက်တက်ကနေ နီဂရီဆမ်ဘီလန်အသင်းထံ ပြောင်းရွှေ့မှာဖြစ်ပါတယ်။

 

Most Read

Most Recent