■ အာဆင်နယ်တိုက်စစ်မှူးသစ် ယိုကယ်ရက်စ်ဂျာစီ စံချိန်တင်ရောင်းချနေရ 

■ အာဆင်နယ်တိုက်စစ်မှူးသစ် ယိုကယ်ရက်စ်ဂျာစီ စံချိန်တင်ရောင်းချနေရ 
Photo: Getty Images
Photo: Getty Images
Published 30 July 2025

အာဆင်နယ်တိုက်စစ်မှူးသစ် ယိုကယ်ရက်စ်အမည်ပါ ကျောနံပါတ် (၁၄) ဂျာစီဟာ တောင်းဆိုမှုမြင့်မားနေပြီး စံချိန်တင်ရောင်းချနေရတာယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ အသက် (၂၆) နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ကို ဇူလိုင် (၂၆) ရက်ကမှ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်း(Add-ons ကြေးတွေကိုထည့်တွက်မယ်ဆိုရင် ပေါင် ၆၃.၅ သန်းအထိ ရှိလာနိုင်)နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ယိုကယ်ရက်စ်ဟာ အာဆင်နယ်အသင်းမှာ ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၄) ကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့ပြီး ဇူလိုင် (၂၇) ရက်က စင်ကာပူနိုင်ငံမှာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမတိုင်မီ ပရိသတ်တွေကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းအနေနဲ့ ယိုကယ်ရက်စ်ကို ခေါ်ယူခဲ့တာ ရက်ပိုင်းပဲ ရှိသေးပေမဲ့ သူ့နာမည်နဲ့ ကျောနံပါတ် (၁၄) ပါ အသင်းဂျာစီတွေမှာ စံချိန်တင်ရောင်းချနေရပြီး အွန်လိုင်းက မှာယူမှုတွေများပြားလွန်းတာကြောင့် ဝက်ဘ်ဆိုက် ကျသွားတာမျိုးတောင် ရှိတယ်လို့ သိရပါတယ်။ 

အရင်က အာဆင်နယ်ကစားသမားတွေထဲမှာ ဆာကာ၊ ဒက်ကလန်ရိုက်စ်နဲ့ အော်ဒီဂွါတို့ရဲ့ ဂျာစီတွေဟာ အရောင်းရဆုံးဖြစ်နေခဲ့ပေမဲ့ ယိုကယ်ရက်စ်ရဲ့ ဂျာစီက ရက်ပိုင်းအတွင်းမှာပဲ အဲဒီကစားသမားတွေရဲ့ ရောင်းအားကျော်ကာ ထိပ်ဆုံးကို ရောက်လာခဲ့တာဖြစ်တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

 

Most Read

Most Recent