ပြင်သစ်ကလပ် မာဆေးလ်အသင်းဟာ ကစားသမားဟောင်း အူဘာမီယန်းကို (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။
ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်း(၃၆ နှစ်)ဟာ ၂၀၀၃-၀၄ ရာသီတုန်းက မာဆေးလ်အသင်းမှာ ကစားခဲ့သူပါ။
မာဆေးလ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ ၂၀၂၄ နွေရာသီမှာ ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းကို (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အခုနွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ရှိနေတာကြောင့် မာဆေးလ်အသင်းက ပြန်လည်ခေါ်ယူဖို့ စီစဉ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
အူဘာမီယန်းကို မာဆေးလ်အသင်းအပြင် ပရီးမီးယားလိဂ်အသင်းတချို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အူဘာမီယန်းဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတွေအတွက် ကစားပေးခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၆၉)ဂိုး သွင်းယူထားသူပါ။















