၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘာနေဗျူးကွင်းမှာ ကျင်းပဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
၂၀၂၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာ့ဖလားနှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမှာဖြစ်ပြီး စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုတို့ သုံးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။
ဗိုလ်လုပွဲကို ရီးယဲလ်အသင်းရဲ့ ဘာနေဗျူးကွင်းနဲ့ ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်း တစ်ကွင်းကွင်းမှာ ကျင်းပခွင့်ရလိမ့်မယ်လို့ အစောပိုင်းကတည်းက ထင်ကြေးပေးနေကြပြီး အခု ဖီဖာနဲ့ ရီးယဲလ်မက်ဒရစ်တို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းက ဖီဖာနဲ့ ဆက်ဆံရေးကောင်းတာကြောင့် အခုလို အခွင့်အရေးရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဖီဖာက ၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကျင်းပမယ့်ကွင်းကို တရားဝင်မရွေးချယ်ရသေးပေမဲ့ ဘာနေဗျူးကွင်း သေချာသွားပြီလို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။















