ဂျပန်တွင် တွစ်တာလူသတ်သမားဟု လူသိများသည့် တရားခံကို စီရင်ကွပ်မျက်

ဂျပန်တွင် တွစ်တာလူသတ်သမားဟု လူသိများသည့် တရားခံကို စီရင်ကွပ်မျက်
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁ ရက်က တိုကျိုမြို့တော်ရှိ ရဲစခန်းမှ အစိုးရရှေ့နေရုံးသို့ ခေါ်ဆောင်လာသော ကားပေါ်တွင် မျက်နှာအုပ်ထားသော တာကိုဟီရိုရှီရာအီရှီကို တွေ့ရစဉ်(Photo:AFP)
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁ ရက်က တိုကျိုမြို့တော်ရှိ ရဲစခန်းမှ အစိုးရရှေ့နေရုံးသို့ ခေါ်ဆောင်လာသော ကားပေါ်တွင် မျက်နှာအုပ်ထားသော တာကိုဟီရိုရှီရာအီရှီကို တွေ့ရစဉ်(Photo:AFP)
Published 27 June 2025

ဂျပန်နိုင်ငံတွင် အွန်လိုင်းပေါ်မှတစ်ဆင့် သိကျွမ်းခဲ့သူ ကိုးဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်ခဲ့မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည့် အမျိုးသားတစ်ဦးကို ဇွန် ၂၇ ရက်တွင် စီရင်ကွပ်မျက်ခဲ့သည်။

အဆိုပါအမျိုးသားသည် တွစ်တာလူ သတ်သမားဟု အမည်ပေးခံခဲ့ရပြီး ၎င်းအား စီရင်ကွပ်မျက်မှုသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ဂျပန်တွင် ပထမဆုံး စီရင်ကွပ်မျက်မှုဖြစ်သည်။

အသက် ၃၄ နှစ်အရွယ် တာကိုဟီရို ရှီ ရာအီရှီသည် လက်ရှိ X ဟု အမည်ပြောင်းလဲခဲ့သည့် Twitter လူမှုမီဒီယာမှပေါ်မှ လူငယ်များကို ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

၎င်းသတ်ဖြတ်ခဲ့သူ ကိုးဦးအနက် ရှစ်ဦးမှာ မိန်းကလေးများ ဖြစ်သည်။ ရှီရာအီရှီသည် Twitter ပေါ်တွင် မိမိကိုယ်ကိုယ်အဆုံးစီရင်လိုကြောင်း ရေးသားခဲ့သည့် လူငယ်များကို တစ်ဦးချင်းစီပစ်မှတ်ထားပြီး ခေါ်ယူတွေ့ဆုံခဲ့ကာ သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်အလောင်းများကို တစ်စစီ ဖြတ်တောက်ပြီး ဘူးများထဲသို့ ထည့်ကာ ဝှက်ခဲ့သည်။

ရှီရာအီရှိ၏ ရာဇဝတ်မှုများအနက် ဓားပြတိုက်မှု၊ အဓမ္မပြုကျင့်မှု၊ အလောင်းဖျောက်မှုများလည်း ပါဝင်ကြောင်း တရားရေးဝန်ကြီး ကိုင်ဆူကီ ဆူဇူကီးက ပြောကြားခဲ့သည်။

“သေဆုံံးသူ ကိုးဦးဟာ ရိုက်နှက်ခံထားရပြီး လည်ပင်းညှစ် သတ်ဖြတ်ခံရတဲ့အပြင်ဓား ပြတိုက်ခံခဲ့ရပါတယ်။သူတို့တွေရဲ့အလောင်းတွေကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး ဘူးတွေထဲကို ထည့်ထားပါတယ်။အချို့အပိုင်းတွေကိုတော့ အမှိုက်ပုံးတွေထဲကို စွန့်ပစ်ခဲ့ပါတယ်”ဟု ဆူဇူကီက ပြောပြခဲ့သည်။

ရှီရာအီရှီသည် ၎င်း၏လိင်ပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာ အလိုဆန္ဒအတွက် ကျေနပ်မှုရရှိစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယင်းလူသတ်မှုများသည် ဂျပန်လူမှုအသိုင်းအဝိုင်းကို ထိတ်လန့်စေပြီး စိုးရိမ်မှုများမြင့် တက်စေသည်ဟု ဆူဇူကီးက ဆိုသည်။

ဂျီ ၇ နိုင်ငံများတွင် ဂျပန်နှင့်အမေရိကန် နှစ်နိုင်ငံတည်းသာ သေဒဏ်ချမှတ်သည့်စနစ်ကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး ဂျပန်ပြည်သူများကြားတွင် ယင်းစနစ်ကို အင်တိုက်အားတိုက် အားပေးထောက်ခံသူများရှိကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် ကွပ်မျက်မှုဖြစ်စဉ်တစ်ခု၊ ၂၀၂၁ ခုနှစ်တွင် သုံးခု၊ ၂၀၁၉ ခုနှစ်တွင် သုံးခုနှင့် ၂၀၁၈ ခုနှစ်တွင် ၁၅ ခုရှိခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရှီရာအီရှီသည် အသက် ၁၅ နှစ်မှ ၂၆ နှစ်အရွယ် ကိုးဦးကို သတ်ဖြတ်မှုအတွက် ၂၀၂၀ ပြည့်နှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ရှီရာအီရှီသည် ၎င်းသတ်ဖြတ်ခဲ့သူများကို တိုကျိုမြို့တော်အနီးရှိ ၎င်း၏နေအိမ်ဆီသို့ လာရောက်ရန် သွေးဆောင်ခဲ့ယူခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ကာ တိုက်ခန်းအနီးတစ်ဝိုက်တွင် အလောင်းအစိတ်အပိုင်းများကို ဝှက် ထားခဲ့သည်။

ရှီရာအီရှီသည် အလောင်းအစိတ်အပိုင်းများကို အအေးခံဗုံးများနှင့် ဘူးများအတွင်းသို့ထည့်ကာ သက်သေကို ဖုံးကွယ်ထားရန်အတွက်ကြောင့် သဲများဖြင့် ဖုံးထားခဲ့သည်။

၎င်း၏ရှေ့နေများကမူ ရှီရာအီရှီ သတ်ဖြတ်ခဲ့သူများသည် အဆုံးစီရင်ရန်အတွေးရှိ ကြသည့်အတွက် သေဆုံးရန်သဘောဆန္ဒရှိ ကြသောကြောင့် ရှီရာအီရှီကို ကွပ်မျက်သည့် ပြစ်ဒဏ်အစား ထောင်ဒဏ်သာချမှတ်သင့်သည်ဟု ပြောကြားခဲ့သည်။

Ref:AFP

                                                          

Most Read

Most Recent