ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ငြိမ်းချမ်းရေးကို ရှောင်ရှားသည့်အတွက် ပေးဆပ်ရမည်ဟု ယူကေဝန်ကြီးချုပ် ကီယာစတာမား ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ငြိမ်းချမ်းရေးကို ရှောင်ရှားသည့်အတွက် ပေးဆပ်ရမည်ဟု ယူကေဝန်ကြီးချုပ် ကီယာစတာမား ပြောကြား
မေလ ၁၅ ရက်က တီယာနာမြို့တွင် ဝန်ကြီးချုပ်ကီယာစတာမားက ယူကေစစ်သားများနှင့် အယ်ဘေးနီးယားစစ်သားများကို တွေ့ဆုံနေပုံအား တွေ့ရစဉ်(Photo: AFP)
မေလ ၁၅ ရက်က တီယာနာမြို့တွင် ဝန်ကြီးချုပ်ကီယာစတာမားက ယူကေစစ်သားများနှင့် အယ်ဘေးနီးယားစစ်သားများကို တွေ့ဆုံနေပုံအား တွေ့ရစဉ်(Photo: AFP)
Published 17 May 2025

ယူကေဝန်ကြီးချုပ်ကီယာစတာမားက ရုရှားသမ္မတဗလာဒီမာပူတင်သည် ငြိမ်းချမ်းရေးကို ရှောင်ရှားသည့်အတွက် ပေးဆပ်ရမည်ဟု မေလ ၁၆ ရက် အယ်ဘေးနီးယားနိုင်ငံတွင် ကျင်းပမည့် ဥရောပ နိုင်ငံရေးအသိုင်း အဝိုင်း၏အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။

“ချီတုံချတုံဖြစ်နေပြီး အချိန်ဆွဲနေတဲ့ ပူတင်ရဲ့နည်းပရိယာယ်နဲ့တစ်ဖက်မှာလည်း ယူကရိန်းနိုင်ငံတစ်ဝှမ်း လူတွေ ဆက်ပြီးသတ်နေတာ၊ သွေးထွက်သံယိုဖြစ်အောင်ဆက် လုပ်နေတာတွေဟာသည်းမခံနိုင်အောင်ဖြစ် နေရပါတယ်”ဟု ယင်းအစည်းအဝေးမတိုင်မီ ထုတ်ပြန်ချက်တွင် စတာမားက ဖော်ပြထားသည်။ ယင်းအစည်းအဝေးကို တူရကီနိုင်ငံတွင် ကျင်းပနေသည့် ယူကရိန်း-ရုရှား ဆွေး နွေးပွဲပြုလုပ်သောနေ့နှင့်တစ်နေ့တည်းတွင် ကျင်းပမည်ဟု မျှော်လင့်ရသည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံ ၂၀ တို့က တက်ရောက်ကြမည့် ဥရောပ နိုင်ငံရေးအသိုင်းအဝိုင်း(EPC)သည် မေလ ၁၆ ရက်တွင် အယ်ဘေးနီးယား မြို့တော်တီယာနာတွင် အစည်းအဝေးကျင်းပမည်ဖြစ်သည်။

ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်များသည် ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ဆွေးနွေးကြမည်ဖြစ်သည်။

သို့သော်လည်း ယင်းဆွေးနွေးပွဲကို ပူတင်လည်းတက်ရောက်မည်မဟုတ်သလို ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးလည်း တက်ရောက်မည်မဟုတ်ပေ။ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက ထိုကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးဖြစ် ထွန်းလာအောင်လုပ်ပေးမည်ဆိုသည်ကို သံသယဝင်မိသည်ဟု ပြောကြားခဲ့သည်။

EPC ကို ပြင်သစ်သမ္မတအမ်မန်နျူရယ် မက်ခရွန်၏ဦးဆောင်မှုဖြင့် ထူထောင်ခဲ့ခြင်းဖြစ်သည်။ ယူကရိန်းကို ရုရှား၏ကျူးကျော်မှုအား တုံ့ပြန်သည့်အနေဖြင့် ၂၀၂၂ ခုနှစ် EPC ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပူတင်က အမေရိကန်စီစဉ်ပေးသော အစ္စတန်ဘူလ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို  မေလ ၁၅ ရက်တွင် ရှောင်တိမ်းခဲ့ပြီးနောက် EPC အစည်းအဝေးကို တက်ရောက်လာသော နိုင်ငံများက ရုရှားအစိုးရကို ဖိအားများ ပေးမည်ဟု ဒေါင်းနင်းလမ်း၏ထုတ်ပြန်ချက်အရ သိရသည်။

“အပြည့်အဝနဲ့ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို သဘောတူရမှာဖြစ်ပါတယ်။ ရုရှားက စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းကို လာဖို့ဆန္ဒမရှိဘူးဆိုရင် ပူတင်ဟာ ပေးဆပ်ရမှာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် စတာမားက ဖော်ပြခဲ့သည်။

ရုရှားက အပစ်အခတ်ရပ်စဲရေးကို သဘောမတူပါက ရုရှားစွမ်းအင်သည် လာမည့်သီတင်းပတ်များထဲတွင် ဖြစ်လာမည့်ကျယ်ပြန့်သော ပိတ်ဆို့မှုများထဲက အဓိကပစ်မှတ်ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

လွန်ခဲ့သောရက်ပိုင်းအတွင်းကရုရှား၏မှောင်ခို ရေနံသယ်ယူသောသင်္ဘောများကို လောလောလတ်လတ် ပိတ်ဆို့မှုများအား မေလ ၁၄ ရက်တွင် ဥရောပသမဂ္ဂ(အီးယူ)နှင့် ဗြိတိန်တို့က အတည်ပြုခဲ့ကြသည်။ အစ္စ တန်ဘူလ်ဆွေးနွေးပွဲက ရလဒ်များထွက် ပေါ်လာအောင်လုပ်ပေးနိုင်ခြင်းမရှိပါကရုရှားကို ပိတ်ဆို့မှုအသစ်များ လျင်မြန်စွာချမှတ်ရလိမ့်မည်ဟု ဥရောပခေါင်းဆောင်များက ပြောကြားခဲ့သည်။                  

Ref: AFP

Most Read

Most Recent