အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် ဆီးရီးယားသမ္မတ အာမက်အယ်ရှာရား နှင့် ဆော်ဒီအာရေဗျနိုင်ငံတွင် မေ ၁၄ ရက်က တွေ့ဆုံခဲ့ပြီး ဆီးရီးယားနှင့် အစ္စရေးကြား ပုံမှန်ဆက်ဆံရေးထူထောင်ရန် တိုက်တွန်းခဲ့ သည်။
အယ်ရှာရား၏ အစ္စလာမ်မစ်ဦးဆောင် သည့် အစိုးရအဖွဲ့အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းမည်ဟု အမေရိ ကန်က အံ့အားသင့်ဖွယ် ကြေညာခဲ့ပြီးနောက် ထရန့်သည် ဆီးရီးယားနှင့် ၎င်းင်း၏ ကာလကြာ ရှည်ရန်ဘက်ဖြစ်သည့် အစ္စရေးတို့ကို ပုံမှန် ဆက်ဆံရေးထူထောင်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ထရန့်သည် ကာတာနိုင်ငံသို့ သွားရောက်ခဲ့ပြီး အမေရိကန် လေယာဉ်ထုတ် လုပ်သည့် Boeing ကုမ္ပဏီထံမှ ဂျက်လေ ယာဉ်များဝယ်ယူမည့် ကာတာနိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆိုမှုကို ကြီးကြပ်ကွပ် ကဲခဲ့သည်။
အမေရိကန်သမ္မတ၏ တရားဝင်လေ ယာဉ်တစ်စင်းအဖြစ် အသုံးပြုရန် Boeing ဂျက်လေယာဉ်တစ်စင်း လှူဒါန်းမည့် ကာတာ၏ သီးခြားကမ်းလှမ်းချက်နှင့်ပတ်သက်ပြီး ထရန့်က ပြောကြားခဲ့ခြင်းမရှိပေ။
ကာတာ၏ ကမ်းလှမ်းလျက်သည် အမေ ရိကန်ကို ပေးသည့် တန်ဖိုးအကြီးဆုံးလက် ဆောင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်လာ လိမ့်မည်ဖြစ်ပြီး လုံခြုံရေးနှင့် ကျင့်ဝတ်သိက္ခာ ပိုင်းအရ ဂယက်ရိုက်ခတ်မှုများနှင့်ပတ်သက် ပြီး အမေရိကန်တွင် သတိပေးနှိုးဆော်မှုတစ် ခုဖြစ်ခဲ့သည်။
ဆယ်စုနှစ်တစ်စုကျော်ကြာ ပြည်တွင်း စစ်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံကို ပြန်လည်ထူ ထောင်ရန် ကြိုးပမ်းနေသည့် ဆီးရီးယားနိုင်ငံ အပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးမည်ဟု ထရန့်က ကြေညာခဲ့ပြီးနောက် တစ်ချိန်က အယ်ကေဒါအဖွဲ့နှင့် မဟာမိတ်ဖြစ်ခဲ့ပြီး အ ကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ် မှတ်ခဲ့ဖူးသည့် လက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်ဟောင်းဖြစ်သည့် လက်ရှိဆီးရီးယား သမ္မတ အယ်ရှားယားနှင့် တွေ့ဆုံခဲ့ခြင်းဖြစ် သည်။
ရှာရားက သူသည် အမေရိကန်က ၂၀၂၀ ပြည့်နှစ်တွင် ကြားဝင်စေ့စပ်ပေးခဲ့ သည့် အေဘရာဟင် သဘောတူညီချက်ကို ပူးပေါင်းရန်ဆန္ဒရှိလာလိမ့်မည်ဟု ပြောကြား ခဲ့ကြောင်း ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ အေဘရာဟင်သဘောတူညီ ချက်ကြောင့် ယူအေအီး၊ ဘာရိန်းနှင့် မော်ရို ကိုတို့သည် ဆီးရီးယားနှင့် ပုံမှန်ဆက်ဆံရေး များ ထူထောင်ခဲ့ကြသည်။
ဆီးရီးယားအရာရှိများကလည်း မှန်ကန် သည့် အခြေအနေများအောက်တွင် ပုံမှန် ဆက်ဆံရေးထူထောင်ရန် လမ်းဖွင့်ထား ကြောင်း အရိပ်အ>မက် ပြသခဲ့ကြသည်။
“သင့်အနေနဲ့ ပြဿနာကို ဒဲ့ရှင်းပြီး ပို ကောင်းအောင်လုပ်နိုင်တဲ့အချိန်မှာ ပူးပေါင်း ပါဝင်ဖို့ မျှော်လင့်ပါတယ်ဆိုပြီး ကျွန်တော်က သူ့ကို ပြောခဲ့ပါတယ်။ သူကလည်း ဟုတ်ကဲ့ လို့ ပြန်ပြောပါတယ်။ ဒါပေမယ့် သူတို့လုပ်စ ရာတွေတော့အများကြီး ကျန်နေသေးပါ တယ်” ဟု ထရန့်က ပြောကြားခဲ့ကြောင်း အိမ် ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ဆီးရီးယားနိုင်ငံပိုင်ရုပ်သံတွင်လည်း ထရန့်နှင့် အယ်ရှာရားတို့သည် ဆော်ဒီအာရေ ဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ် မန်၏ရှေ့တွင် လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံကို ဖော်ပြခဲ့သည်။
Ref;Reuters














