တူရကီတွင် ပူတင်နှင့်ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံရန်ဆန္ဒရှိကြောင်း ဇယ်လန်းစကီး ပြောကြား

တူရကီတွင် ပူတင်နှင့်ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံရန်ဆန္ဒရှိကြောင်း ဇယ်လန်းစကီး ပြောကြား
Published 13 May 2025

တူရကီနိုင်ငံတွင် ရုရှားသမ္မတဗလာဒီ မာပူတင်နှင့် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံရန် ဆန္ဒ ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးရရှိနိုင်ခြေရှိ၊ မရှိကို လေ့ လာတွက်ချက်ရန်အတွက် တိုက်ရိုက်ဆွေးနွေး မှုများပြုလုပ်ရန် လိုအပ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးနောက် ဇယ်လန်းစကီး၏ မှတ်ချက်စကား ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဇယ်လန်းစကီး၏ ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး ကရင်မလင်က ချက်ချင်းမတုံ့ပြန်ခဲ့ဘဲ ယူကရိန်းခေါင်းဆောင်ကလည်း ရုရှားသည် ယူကရိန်းနှင့် ၎င်း၏မဟာမိတ်များ မေ ၁၀ ရက်က အဆိုပြုခဲ့သည့် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်မည်ဆိုပါ က ဆွေးနွေးပွဲကို တက်မည် ဟုတ်၊မဟုတ်ကို ပြောကြားခဲ့ခြင်းမရှိပေ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်း ကို ရုရှားက ဝင်ရောက်တိုက်ခိုက်ပြီးနောက်  ရက်အနည်းငယ် အကြာဖြစ်သည့် ၂၀၂၂ ခု နှစ် မတ်လကတည်းက ယူကရိန်းနှင့် ရုရှား ကြား မျက်နှာချင်းဆိုင်ဆွေးနွေးပွဲများ ဖြစ် မြောက်ခဲ့ခြင်းမရှိပေ။

“သံတမန်နည်းလမ်းအတွက် မရှိမဖြစ် အခြေခံအကြောင်းရင်းကို ထောက်ပံ့ပေးဖို့အ တွက် မနက်ဖန်ကစပြီး ပြည့်ဝပြီးရေရှည်တည် တံ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ကျွန်တော် တို့စောင့်ဆိုင်းနေပါတယ်”ဟု ဇယ်လန်းစကီး က X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

“သေဆုံးမှုတွေကို အချိန်ဆွဲထားစရာ ဘာအကြောင်းမှမရှိပါဘူး။ မေ ၁၅ ရက်နေ့ မှာ ကျွန်တော်ဟာ ပူတင်ကို တူရကီမှာ စောင့် နေမှာပါ။ ပုဂ္ဂိုလ်ရေးအရပေါ့။ ဒီအချိန်မှာ တော့ ရုရှားတွေဟာ ဆင်ခြေမပေးဖို့ မျှော် လင့်ပါတယ်” ဟု ၎င်းင်းက ပြောကြားခဲ့သည်။

မေ ၁၁ ရက် နံနက်အစောပိုင်းကလည်း ပူတင်သည် ၂၀၂၂ ခုနှစ် မတ်လက အစ္စတန် ဘူလ်တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံဆွေးနွေးမှု များကို ပြန်လည်စတင်ရန် အဆိုပြုခဲ့သည်။

သို့သော် ယူကရိန်းနှင့် ၎င်း၏ မဟာမိတ် များအဆိုပြုခဲ့သည့် ရက် ၃၀ ကြာအပစ်အ ခတ်ရပ်စဲရေးကိုမူ ပူတင်က တုံ့ပြန်ခဲ့ခြင်းမရှိ ပေ။

အစ္စတန်ဘူလ်တွင် မေ ၁၅ ရက်ထက် နောက်မကျစေဘဲ ဆွေးနွေးမှုများပြုလုပ်ရန် အဆိုပြုကြောင်း၊ ထိုဆွေးနွေးမှုများ အဆင် ပြေချောမွေ့စေရန် တူရကီသမ္မတ ရီဆက် တေယစ် အာဒိုဂန်အား အကူအညီပေးရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးကို ထူထောင်ရန်နှင့် ပဋိပက္ခဖြစ်ပွားစေသည့် အကြောင်းရင်းများကို ဖယ်ရှားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်လိုကြောင်း ၎င်းင်းက ဆို သည်။

ရုရှားသမ္မတပူတင်သည် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမပြု  လုပ်ချင်ကြောင်း၊ သို့သော် သွေးချောင်းစီး လူသတ်ပွဲကို အဆုံးသတ်ရန်ဖြစ်နိုင်သည့် ဆွေးနွေးညှိနှိုင်းမှုများအတွက် မေ ၁၅ ရက် တွင်  တူရကီ$တွေ့ဆုံလိုသည့် ဆန္ဒရှိနေ ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ယူကရိန်းအနေဖြင့်လည်း ချက်ချင်းသ ဘောတူသင့်ကြောင်း၊ သဘောတူညီမှုရ သည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဥရောပခေါင်း ဆောင်များနှင့် အမေရိကန်သည် အခြေအ နေအရပ်ရပ်ကို သိရှိနိုင်ပြီး သင့်တော်သလို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထရန့်က ရေးသားခဲ့သည်။                          

Ref;AFP

Most Read

Most Recent