နိုင်ငံတကာကုမ္ပဏီ အမှတ်တံဆိပ်ပေါင်း ၁၅၀ ကျော်၏ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်က လေးရက်တာ ရောင်းချရာတွင် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲကို စိတ်ဝင်တစား လာရောက်ကြည့်ရှုဝယ်ယူသူများပြားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲကို Myanmar DPES Exhibitionမှ တာဝန်ယူ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MYANMAR POWER & SOLAR ENERGY STORAGE LIGHTING EXPO 2025 ဟု အမည်ပေးထားသည့် မီး စက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို မေ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ရှိ Yangon Convention Center ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပြပွဲကို မေ ၁ ရက်မှ ၃ Yangon Convention Center တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိလည်း ကောင်း၊ မေ ၄ ရက်တွင် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိလည်းကောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြပွဲတွင်ဝင်ရောက်ပြသခဲ့သည့် Power Light Solar Company Limited မှ MD ဖြစ်သူ ဒေါ်ဖြူဖြူသန့်က “ကျွန်မတို့ကုမ္ပဏီအနေနဲ့ နိုင်ငံတကာမှာလည်း ပြီးခဲ့တဲ့လကမှ ပွဲထုတ်ထားတဲ့ အသစ်စက်စက် ကမ္ဘာ့ပထမ ဆုံးဖြစ်တဲ့ World First Hybrid Cooling CNI ပေါ့နော်။ လုပ်ငန်းသုံးနဲ့ စက်ရုံသုံး အဓိက ESS ဘက်ထရီစနစ်သုံး အဲဒါကို ပြသသွားတာဖြစ်ပါတယ်။ ဒီ Product ကတော့ ကျွန်မတို့ဒီပွဲရဲ့ Star Products ဖြစ်ပါတယ်။ ဒီ Products ယှဉ်မယ်ဆိုရင် CNI ဒီ Level မှာ Safety မှာရော Performances မှာရော အမြင့်ဆုံး ကမ္ဘာပေါ်မှာ ကြိုက်တဲ့ Brand နဲ့ ယှဉ်လို့ရပါတယ်။ အမြင့်ဆုံး Brand တစ်ခု ဖြစ်ပါတယ်။ ဒီ Product ကို ကျွန်မတို့ Power Light Solar မှာ Stocks ကိုလည်း လာရောက်လေ့လာလို့ရပါတယ်။ ဒီ Products နဲ့ပတ်သက်ပြီးတော့ ထပ်ပြီးတော့ Technical Workshop တွေ နောက်တစ်ခါ လိုအပ်တဲ့ EPC တွေ Installattion နောက်တစ်ခါ End User တွေအားလုံးကိုပေါ့နော် ကျွန်မတို့ စုံစုံလင်လင်နဲ့ ဒီ Product နဲ့ ပတ်သက်ပြီးတော့ ထပ်ပြီးတော့ မိတ်ဆက်သွားဖို့ ပွဲလည်းရှိပါတယ်”ဟု ပြောကြားသည်။
အဆိုပါကုန်စည်ပြပွဲတွင် နိုင်ငံတကာ ကုမ္ပဏီအမှတ်တံဆိပ်ပေါင်း ၁၅၀ ကျော်က ဆိုင်ခန်းပေါင်း ၁၀၀ ကျော် လာရောက်ပြသရောင်းချခဲ့ပြီး ဆိုလာနှင့် မီးစက်များအပြင် အီလက်ထရွန်နစ် ထုတ်ကုန်များလည်းပါဝင် ပြသခဲ့ပြီး ဆိုလာပြားများမလိုအပ်ဘဲ ဘက်ထရီစနစ်တွဲလျက် စမတ်အင်ဗာတာများနှင့် ဆိုလာစွမ်းအင်များကို စိတ်ဝင်တစားလာရောက် ကြည့်ရှုဝယ်ယူသူ အထူးများပြားခဲ့ကြောင်း သိရသည်။
ပြပွဲတွင် ပါဝင်ပြသရောင်းချခဲ့သည့် Shein Power China Yunnan Shein International Export& Import Co.Ltd မှ MD ဖြစ်သူ ဦးမျိုးသူအောင်က “ကျွန်တော်တို့က အခုပွဲမှာ ပါဝင်ပြသတာကတော့ KW 30 ကနေ ၅၀၀ KW အထိ အသုံးပြုလို့ရတဲ့ Disel Generator တွေကို ဝင်ရောက်ပြသတာဖြစ်ပါတယ်။ ဒိုင်နမိုကတော့ အာမခံ နှစ် နှစ်အထိတောင် ပေးထားတဲ့ ကာဗွန်ပျောက် ဒိုင်နမိုတွေနဲ့ ဝင်ရောက်ပြသတာဖြစ်ပါတယ်။ ဒါတွေကတော့ Solar နဲ့ တွဲသုံးချင်လည်းရတယ်။ ကျွန်တော်တို့ အိမ်သုံးဆိုရင်လည်း Silent Test လေးတွေရှိမယ်။ စက်ရုံသုံးအတွက်တွေ ဆိုရင်လည်း Gas နဲ့သုံးတာကနေ စပြီးတော့ ဒီဇယ်ပေါ့နော် Heavy Fuel အထိတောင် သုံးလို့ရတဲ့စက်တွေကို တင်သွင်းရောင်းချသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းအခြေအနေအရ ပလတ်စတစ်စက်ရုံတို့၊ မြန်မာနိုင်ငံမှာ ဆန်စက်တွေ၊ ဆီစက်တွေ အခုလက်ရှိ လျှပ်စစ်မီးခက်ခဲတဲ့ နေရာတွေပေါ့။ အဲဒီလိုမျိုး ကျွန်တော်တို့ ထုတ်ထားတာ ဘက်စုံသုံးပါ။ အိမ်သုံးတွေလည်း ဝယ်ယူသုံးစွဲလို့ ရပါတယ်”ဟု ပြောကြားခဲ့သည်။
ManangerSandlSolar Renewable Energy Development International Co.Ltd မှ MD's Assistant &Sale ဖြစ်သူ ဒေါ်အိအိချောက “ကျွန်မတို့ ဒီတစ်ခေါက်ပြပွဲမှာ အဓိက ပါဝင်ပြသပေးတဲ့ Products တွေကတော့ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက 15 KW နဲ့ 30 KW ဆိုပြီး နှစ်မျိုးလာပါတယ်။ ကျွန်မတို့ FOX တံဆိပ်မှာ Hight Voltage စက်တွေပဲလာပြီးတော့ သူဟာ ဥရောပနိုင်ငံတွေမှာ ရောင်းအားအကောင်းဆုံး ဖြစ်တဲ့အတွက်ကြောင့် Quality ပိုင်းကတော့ စိတ်ချလို့ရပြီးတော့ Safety အပိုင်းအနေနဲ့ ပြောမယ်ဆိုရင် အရမ်းစိတ်ချရတဲ့ပစ္စည်း Quality တစ်ခုဖြစ်လို့လည်း မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေလည်း ပစ္စည်းကောင်းကောင်းနဲ့ စျေးအသင့်သင့်ကို သုံးစွဲလို့ရသလို အဓိကပြသပေးတာ ဖြစ်ပါတယ် ”ဟု ပြောကြားသည်။
မီးစက်နှင့် ဆိုလာစွမ်းအင် သိုလှောင်မှု ကုန်စည်ပြပွဲ ပထမအကြိမ်ကို ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်မြို့ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့ပြီး တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့ မှ ကုမ္ပဏီပေါင်း ၁၅၀ ကျော် လာရောက် ပြသရောင်းချခဲ့ကြပြီး ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။















