■ စီးရီးအေပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 4 April 2025

မွန်ဇာ - ကိုမို (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၇:၃၀ နာရီ)

မွန်ဇာက တန်းဆင်းရမယ့် အသင်းဖြစ်ပြီး ကွင်းတွင်းကစားပုံကလည်း စိတ်ပျက်စရာ အရမ်းကောင်းတယ်။ ကိုမိုကတော့ နောက်ဆုံး (၄)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပေမဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ကိုမိုပဲ နိုင်လိမ့်မယ်။



ပါးမား - အင်တာမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၁၀:၃၀ နာရီ)

ပါးမားက ဘိုလော့ဂ်နာကို နိုင်ပြီးတဲ့နောက် (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ဒါပေမဲ့ ပါးမားရဲ့ လက်ရှိကစားပုံကတော့ ထင်သလောက်ဆိုးရွားခြင်းမရှိဘူး။ အင်တာမီလန်က ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ကစားစရာရှိလို့ အဓိကကစားသမားတွေကို အနားပေးထားနိုင်တယ်။ ပါးမားကို အရဲစွန့်ရွေးချင်တယ်။



အေစီမီလန် - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် နံနက် ၁:၁၅ နာရီ)

အေစီမီလန်က နည်းပြ ကွန်ဆေးဆာအိုလက်ထက်မှာ တည်ငြိမ်မှုကင်းမဲ့နေဆဲပဲ။ ဥရောပဝင်ခွင့်ရဖို့အတွက်တောင် ရုန်းကန်နေရပြီး ခံစစ်ကလည်း ဂိုးတွေပေးနေရတယ်။ ဖီအိုရင်တီးနားကတော့ နောက်ဆုံး (၂)ပွဲမှာ ဂျူဗင်တပ်စ်၊ အတ္တလန်တာတို့လိုအသင်းတွေကို အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ဖီအိုရင်တီးနားရဲ့ အဝေးကွင်းစွမ်းဆောင်ကတော့ ထင်သလောက်အားရစရာ မရှိပါဘူး။ အေစီမီလန် ကပ်နိုင်ဖို့များတယ်။

Most Read

Most Recent