ဖယ်ခုံမြို့နယ်တွင် ဆရာတော်တစ်ပါးနှင့် ကပ္ပိယတစ်ဦးအား ဒေသခံ PDF အဖွဲ့က သတ်ဖြတ်မှုအပေါ် မည်သည့်အကြောင်းဖြင့်ဖြစ်စေ လက်နက်မရှိသူများကို သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်၍ ခြွင်းချက်မရှိ အရေးယူပေးရန် ရှမ်းအရပ်ဘက်အဖွဲ့ ၁၇ ဖွဲ့တောင်းဆို

ဖယ်ခုံမြို့နယ်တွင် ဆရာတော်တစ်ပါးနှင့် ကပ္ပိယတစ်ဦးအား ဒေသခံ PDF အဖွဲ့က သတ်ဖြတ်မှုအပေါ် မည်သည့်အကြောင်းဖြင့်ဖြစ်စေ လက်နက်မရှိသူများကို သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်၍ ခြွင်းချက်မရှိ အရေးယူပေးရန် ရှမ်းအရပ်ဘက်အဖွဲ့ ၁၇ ဖွဲ့တောင်းဆို
Published 24 March 2025

ဖယ်ခုံမြို့နယ်တွင် ဆရာတော်တစ်ပါးနှင့် ကပ္ပိယတစ်ဦးအား ဒေသခံ PDF အဖွဲ့က သတ်ဖြတ်မှုအပေါ်မည်သည့်အကြောင်းဖြင့်ဖြစ်စေ လက်နက်ကိုင်အဖွဲ့က လက်နက်မရှိသူများကို သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်၍ ခြွင်းချက်မရှိအရေးယူပေးရန် ရှမ်းအရပ်ဘက်အဖွဲ့ ၁၇ ဖွဲ့က မတ် ၂၃ ရက်တွင်  တောင်းဆိုချက်ထုတ်ပြန်သည်။

၂၀၂၅ ခုနစ် မတ် ၄ ရက်တွင် ဖယ်ခုံမြိုနယ် အုံတိုင်းကျေးရွာဘုန်းကြီးကျောင်း၌ သတ်ဖြတ်ခံခဲ့ရ သော ရွှေဓမ္မရောင်ခြည်သျှမ်းကျောင်းဆရာတော် ဦးဓမ္မသာရ(ခ) ဦးဇင်းပိန်နှင့် ကပ္ပိယ ကိုစိုင်းပီးတို့အား သတ်ဖြတ်သည်ဟု PDF အဖွဲ့တစ်ခုဖြစ်သော ပျားစစ်ကြောင်းမှ ဝန်ခံခဲ့ပြီးဖြစ်ကြောင်း၊ ဒေသတွင်းရှိ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အဆိုပါအမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇဝတ်မှုကျူးလွန်ထားသူကို အရေးယူနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်ဟု ကြားသိရပြီး မိမိတို့ သျှမ်းလူငယ်များမှလဲ တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှမ်းအရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့ရာတွင်  NUG လက်အောက်ခံ ဖယ်ခုံမြိုပလဖ က ဖယ်ခုံမြို့ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း ကျေးရွာများမှ ဒေသခံပြည်သူများကို ပျားစစ်ကြောင်း၏ ဆရာတော်ကို သတ်ဖြတ်မှုလုပ်ရပ်သည် မှန်ကန်ကြောင်း ထောက်ခံလက်မှတ်များကို အဓမ္မ လိုက်လံ ကောက်ယူနေသည်ဟု မိမိတို့ကြားသိရကြောင်း၊ ၎င်းလုပ်ရပ်သည် ဒေသခံပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်နေသည့်အပြင် အမှု ဖြစ်စဉ်အတွက် မလိုလားအပ်သော ရှုပ်ထွေးမှုများကိုပိုမိုဖြစ်ပေါ်လာစေနိုင်သည်ဟု မိမိတို့ရှုမြင်သဖြင့် သက်ဆိုင်ရာ နယ်မြေအာဏာပိုင်အဖွဲ့အစည်းများကိုအမှု၏ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် ဒေသခံများ၊ ဒေသတွင်းသို့ စစ်ရှောင်လာသော ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် တောင်းဆိုကြောင်း ရှမ်းအရပ်ဘက်အဖွဲ့အစည်းများကဆိုသည်။

ထို့ပြင် မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ လက်နက်ကိုင်ထားသော တပ်ဖွဲ့တစ်ခု၊ လူပုဂ္ဂိုလ်တို့မှ လက်နက် မရှိသော လူပုဂ္ဂိုလ်များကို သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုသာဖြစ်၍ ကျူးလွန်သူတို့ကို ခြွင်းချက်မရှိအရေးယူပေးရန်နှင့် စစ်ရာဇဝတ်မှုဖြစ်သည့်အတွက် စစ်ဥပဒေအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ယူ၍ အမှုကို တရားစွဲဆိုဆောင်ရွက်ပေးရန် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။

ထို့အတူ  အမှုမှန်မပေါ်ပေါက်မခြင်း ဒေသခံပြည်သူများ၏လုံခြုံရေးနှင့် အမှုတရားမျှတမှုဖြစ်စဉ်အတွက် ပျားစစ်ကြောင်း၏ လက်နက်များကို ဒေသတွင်းတာဝန်ရှိသူများမှ တာဝန်ခံ ထိန်းသိမ်းထားပေးပါရန်နှင့် NUG အနေဖြင့် မလိုလားအပ်သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပေါ်လာစေရေးအတွက် မိမိတို့ လက်အောက်ခံ ပလဖနှင့် တပ်ရင်းတပ်ဖွဲ့များ၏ လုပ်ရပ်ကို ထိန်းသိမ်းပေးရန် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

Most Read

Most Recent