ကိုရီးယားသို့ ရေလုပ်သားနှင့် သင်္ဘောကျင်း ကျွမ်းကျင်လုပ်သားများအတွက် အလုပ်ခေါ်စာအသစ် တင်ပြရာတွင် တစ်လလျှင် ၁၀ ဦးသာ တင်ပြရန် အလုပ်သမားဝန်ကြီးဌာန ညွန်ကြား

ကိုရီးယားသို့ ရေလုပ်သားနှင့် သင်္ဘောကျင်း ကျွမ်းကျင်လုပ်သားများအတွက် အလုပ်ခေါ်စာအသစ် တင်ပြရာတွင် တစ်လလျှင် ၁၀ ဦးသာ တင်ပြရန် အလုပ်သမားဝန်ကြီးဌာန ညွန်ကြား
Published 24 March 2025

ကိုရီးယားသို့ ရေလုပ်သားနှင့် သင်္ဘောကျင်း ကျွမ်းကျင်လုပ်သားများအတွက် အလုပ်ခေါ်စာ အသစ် တင်ပြရာတွင် တစ်လလျှင် ၁၀ ဦးသာ တင်ပြရန် အလုပ်သမားဝန်ကြီးဌာနက ညွန်ကြားလိုက်သည်။

ကိုရီးယားနိုင်ငံသို့ အလုပ်သမားပို့ဆောင်ရာတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် တစ်လလျှင် အလုပ်ခေါ်စာအသစ် တင်ပြရာတွင် အလုပ်သမား ၁၀ ဦးထက် မပိုသည့်နှုန်းအား တင်ပြရမည်ဖြစ်ပြီး အေဂျင်စီတစ်ခုလျှင် တစ်လတစ်ကြိမ်သာ တင်ခွင့်ရှိကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၃၀ ရက်မတိုင်မီက စာချုပ်ချုပ်ဆိုထားသောစာချုပ်များကိုလည်း ၁၀ ဦးထက်မပိုသည့် အလုပ်ခေါ်စာများအဖြစ် ပြန်လည်ပြင်ဆင်တင်ပြရမည်ဖြစ်ပြီး အလုပ်ခေါ်စာအသစ်တင်ပြခြင်းကို မေ ၂ ရက်တွင် လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းသို့ သတ်မှတ်ရာတွင် ကိုရီးယားသို့ E-7-3 (သင်္ဘောကျင်းလုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သား) နှင့် E-10-2 (ရေလုပ်သား) အလုပ်သမားများအတွက် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာအသစ်တစ် စောင်လျှင် ထိုင်းသို့ လူ ၅၀၊ ဂျပန်သို့ ၁၅ ဦး တစ်လတစ်ကြိမ်သာ တင်ပြရန် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၃၀ ရက်မတိုင်မီက စာချုပ်ချုပ်ဆိုထားသော ပြည်ပအလုပ်အကိုင်အေဂျင်စီများအနက် ထိုင်းနိုင်ငံသို့ အလုပ်သမားပို့ဆောင်မည့်အေဂျင်စီများ အနေဖြင့် လူ ၅၀ ထက်မပိုသည့် အလုပ်ခေါ်စာ အသစ် များကို မတ် ၂၅ က်မတိုင်မီ အသစ်ပြန်လည် တင်ပြရမည်ဖြစ်ပြီး ဂျပန်နိုင်ငံသို့ အလုပ်သမားပို့ဆောင်သည့် အေဂျင်စီများမှာလည်း ၁၅ ဦးထက်မပိုသည့် အလုပ်ခေါ်စာအသစ်များကို ပြန်လည်တင်ပြရမည်ဖြစ်သည်။

ထို့ပြင် OWIC ကတ်ပြုလုပ်ရန်အတွက် ရက်သတ္တ နှစ်ပတ်ကြိုတင်ပြီး တင်ပြရမည်ဖြစ်ကြောင်း၊ ယင်းသို့တင်ပြရာတွင် အလုပ်သမား အလုပ်ရှင်စာချုပ်မိတ္တူများ၊ စေလွှတ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ခွင့်ပြု သည့်မိတ္တူ အစရှိသည်တို့ကို တင်ပြရမည်ဖြစ်သည်။

အလုပ်သမားစေလွှတ်ရာတွင်လည်း ခွင့်ပြုချက်များ ရရှိပြီးပါက တပတ်အတွင်း စေလွှတ်ရမည်ဖြစ် ပြီး သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်ခြင်းမရှိပါက စေလွှတ်ခွင့်ပြုနိုင်ရေး တင်ပြသည့်အဆင့်မှစ၍ အသစ်ထပ်မံ ပြန်လည်တင်ပြရမည်ဟု သိရသည်။

ထို့ပြင် အလုပ်သမားမှာ သက်ဆိုင်ရာနိုင်ငံများသို့ ရောက်ရှိပါက အေဂျင်စီများအနေဖြင့် အလုပ် သမားညွန်ကြားရေးဦးစီးဌာနသို့ သတ်မှတ်ထားသည့် စာရွက်စာတမ်းများနှင့်အတူ အချိန်နှင့်တပြေးညီ တင်ပြရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်သမားပြန်လည်ရောက်ရှိလာပါက ရောက်ရှိ သည့်အကြောင်းအရာ၊ ပြန်လည်ထွက်ခွာမည်ဆိုပါက ထွက်ခွာမည့် နေ့ရက်များကို ဦးစီးဌာနသို့ တင်ပြရ မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent