ကင်ဆယ်ရွန်နှင့် ကင်ဆူဟွန်းတို့ တွဲကြစဉ်က လက်ထပ်ရန်ပင် တိုင်ပင်ခဲ့ကြဟု ကင်ဆယ်ရွန်၏ အဒေါ်ဖြစ်သူ ဖွင့်ချ

ကင်ဆယ်ရွန်နှင့် ကင်ဆူဟွန်းတို့ တွဲကြစဉ်က လက်ထပ်ရန်ပင် တိုင်ပင်ခဲ့ကြဟု ကင်ဆယ်ရွန်၏ အဒေါ်ဖြစ်သူ ဖွင့်ချ
Published 14 March 2025

အသက်ငယ်ငယ်ဖြင့် ကြွေလွင့်ခဲ့ရသူ မင်းသမီးကင်ဆယ်ရွန်နှင့်ပတ်သက်၍ မင်းသားကင်ဆူဟွန်း၏ အငြင်းပွားဖွယ်နောက်ကြောင်း သတင်းများ ဆက်တိုက်ပေါ်ထွက်လာချိန် ၊ ကင်ဆယ်ရွန်၏ အဒေါ်ကလည်း ကင်ဆူဟွန်းနှင့် ၎င်း၏တူမတို့ ရည်းစားဖြစ်ကြစဉ်က လက်ထပ်ရန်ကိစ္စပါ တိုင်ပင်ခဲ့ကြသည်ဟု ဖွင့် ချလာခဲ့သည်။

ကင်ဆယ်ရွန် ၁၅ နှစ်သမီးအရွယ်ကတည်းက ကင်ဆူဟွန်းနှင့်ငြိခဲ့ပြီး ခြောက်နှစ်တွဲခဲ့သည်ဟု ကင်ဆယ်ရွန်၏ အဒေါ်ဖြစ်သူက Garo Sero Research Institute နာမည်ဖြင့် You Tube ချန်နယ်ကိုပြောပြရင်း “လက်ထပ် ဖို့ကိစ္စတောင် သူတို့ပြောခဲ့ကြသေးတာ” ဟု ဖွင့်ချခဲ့သည်။သို့သော် ချန်နယ်အစီအစဉ်တင်ဆက်သူက “ကောင်မလေးက အသက်မပြည့်သေးဘဲနဲ့ တော့ လက်ထပ်တဲ့ကိစ္စ ပြောကြမှာမဟုတ်ဘူး၊ ဟုတ်တယ်မလား”ဟု သေချာအောင် ထပ်မေးရာ အဒေါ်ဖြစ်သူက “အသက် ၂၀ ပြည့်ပြီးနောက်မှ အဲဒီကိစ္စပြောခဲ့ကြတာ”ဟု ရှင်းပြခဲ့သည်။

ယခု ပရိသတ်အချို့က ကင်ဆူဟွန်းကို အပြောချိုချိုဖြင့် ကောက်ကျစ်သူဟု မြင်လာကြပြီး “ဒါတွေသာ အမှန်ဖြစ်ခဲ့ရင် သူကတစ်ကယ့် အမှိုက်ပဲ” ၊ “ဒါတောင် ကင်ဆယ်ရွန်ရဲ့စျာပနကို မတက်ဘူးပေါ့လေ။အရှက်မရှိ မင်းသားဆက်လုပ်မယ်ပေါ့လေ။ လူတောင်ဟုတ်ရဲ့လား။သူပါတဲ့ရုပ်ရှင်တွေ အမြဲအားပေးခဲ့လို့ ငါ့ကိုယ်ငါတောင်မုန်းတယ်” ဟု ဝေဖန်နေကြ သည်။ကင်ဆူဟွန်းသည် Queen of Tears ဇာတ်လမ်းတွဲဖြင့် နိုင်ငံတကာမိန်းကလေး ပရိသတ်များ၏ သဲသဲလှုပ်အားပေးမှုကို ရခဲ့သူဖြစ်သည်။

ကင်ဆယ်ရွန်ကို ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက  ၎င်းနေထိုင်ရာ ဆောင်ဆုဒုံရှိ နေအိမ်တွင် သေဆုံးလျက် တွေ့ခဲ့ရသည်။ တွေ့ရန်ချိန်းဆိုထားသည့် မိတ်ဆွေတစ်ဦးက ၎င်းသေဆုံးနေသည်ကိုတွေ့ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်။

၎င်းချန်နယ်က ဖွင့်ချခဲ့သည့်အထဲ ကင်ဆယ်ရွန် ဝမ်သန်း ၇၀၀ အကြွေးတင်နေသည့် ကိစ္စလည်းပါသည်။၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် ဆယ်ရွန်က ကင်ဆူဟွန်း ထံပို့ခဲ့သည့်စာထဲတွင် ၎င်းကိုတရားစွဲထား သည့် အသိပေး စာရခဲ့ကြောင်း၊ အကြွေးဝမ်သန်း ၇၀၀ ကို ဖြည်းဖြည်းချင်း ပြန်ဆပ်မည် ၊ တစ်ကြိမ်တည်းဖြင့် မပေးနိုင်သေးကြောင်း၊ အချိန်ထပ်ပေးရန် အသနားခံထားကြောင်း ၎င်းချန်နယ်က ပြောသည်။ပရိသတ်တစ်ဦး ကမူ ထိုအကြွေးကို မင်းသားဝန်ဘင်းက ဆပ်ပေးရန် ကမ်းလှမ်းခဲ့သည်ဟု သတင်းလွှင့်ခဲ့သည်။

Most Read

Most Recent