
ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများသည် အဆိုတော်တေလာဆွစ်၏ ဖျော်ဖြေပွဲများမှ ဒစ်ဂျစ်တယ် လက်မှတ်ပေါင်း ၉၀၀ ကျော်နှင့် stub hub ပေါ်ရှိ အခြားတန်ဖိုးကြီး ပွဲ လက်မှတ်များကို ခိုးယူပြီး ပြန်လည်ရောင်းချ ခဲ့သည်ဟု နယူးယောက်ရှိအစိုးရရှေ့နေများ က ပြောကြားခဲ့သည်။
နိုင်ငံတကာ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွင် အွန်လိုင်းလက်မှတ်ရောင်းချသည့်နေရာက ငှားရမ်းထားသော ကုမ္ပဏီတစ်ခု၌ အလုပ်လုပ်ကိုင်နေသည့် ဂျမေကာမှ ဝန်ထမ်းများလည်း ပါဝင်နေကြောင်း ကွင်းစ်ခရိုင်ရှေ့ နေမီလင်ဒါ ကက်ဇ်က မတ် ၃ ရက်တွင်ပြောကြားခဲ့သည်။
ယင်းဝန်ထမ်းများသည် stub hub ပေါ် ရှိ လက်မှတ်ဝယ်ယူမှုမှ URL များကို ခိုးယူ ပြီး နယူးယောက်ရှိ အခြားသူများထံအီးမေးလ် ပေးပို့ကာ ယင်းနောက် ၎င်းင်းတို့က ဒေါင်းလုပ် ပြန်ဆွဲပြီးနောက် အလွန်မြင့်မားသောဈေး နှုန်းများဖြင့် stub hub ပေါ်တွင် ပြန်လည် ရောင်းချခဲ့သည်ဟု ၎င်းက ပြောပြခဲ့သည်။
ယင်းဆိုက်ဘာရာဇဝတ်မှုအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ အတွင်း ပျမ်းမျှတစ်နှစ်ဝန်းကျင်ခန့်တွင်အ မြတ်ငွေ ဒေါ်လာ ၆၀၀,၀၀၀ ကျော်ရရှိခဲ့သည် ဟု အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
ခိုးယူခံရသော လက်မှတ်အများစုမှာ ဆွစ်၏ eras tour မှ ဖြစ်သော်လည်းဆိုက် ဘာရာဇဝတ်မှုကျူးလွန်သူများသည် အဒဲလ်၊ အက်ဒ်ရှီးယန်ဖျော်ဖြေပွဲများ၊ NBA အားက စားပွဲများနှင့် US open Tenis Championships ပြိုင်ပွဲလက်မှတ်များကိုလည်းခိုးယူခဲ့သည်။
စုံစမ်းစစ်ဆေးသူများသည် အခြားအ လားအလာရှိသော ကျူးလွန်သူများအပါအဝင် ယင်းအဖွဲ့၏ နောက်ထပ်ဆောင်ရွက်မှုများကို ဆက်လက်အကဲဖြတ်လုပ်ဆောင်နေ ကြောင်း ကက်ဇ်က ဆိုသည်။
ပါဝင်သူများမှ နှစ်ဦးဖြစ်သည့် တိုင်ရွန် ရိုစ့်နှင့် ရှာမာရာဆင်မွန်တို့ကို ဖမ်းဆီးထားပြီး ဖေဖော်ဝါရီ ၂၇ ရက်က ၎င်းင်းတို့ကို ခိုးယူမှု၊ ကွန်ပျူတာစနစ်အနှောင့်အယှက်ဖြစ်စေမှု နှင့် ပူးပေါင်းကြံစည်မှုစွဲချက်များဖြင့်တရား စွဲဆိုထားသည်။ ဂျမေကာ မှ အသက်၂၀အ ရွယ်ရိုစ့်အပါအဝင်ကျူးလွန်သူများသည် လက်မှတ်ဝယ်ယူကာ အသက်၃၁ နှစ်အရွယ် ဆိုင်မွန်နှင့် အခြားပါဝင်သူများကို အီးမေးလ် မှတစ်ဆင့်ပြန်လည်ပေးပို့ခဲ့သည်။