တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၌ ဖေဖော်ဝါရီ ၁၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် လူခြောက်ဦးသေဆုံးကာ လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားမီးသတ်ဌာနက ပြောကြားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် Banyan Tree ဟိုတယ်၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဒေသစံတော်ချိန် နံနက် ၁၁ နာရီမတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ်သမား ၁၀၀ ခန့်ရှိသည်ဟု ဆိုသည်။
ဒဏ်ရာရရှိသူ ၂၅ ဦးရှိပြီး အများစုမှာ အသေးစားဒဏ်ရာများ ဖြစ်သည်ဟု ဘူဆန်မီးသတ်ဌာန၏ အကြီးအကဲ ဟောင်မန်ဆစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင် ဝင်ပေါက်တွင် မီးလောင်လွယ်သည့် ကုန်ကြမ်းပစ္စည်းများစွာရှိပြီး မီးကို မွန်းလွဲ ၁ နာရီခွဲတွင် ငြိှမ်းသတ်နိုင်ခဲ့ကာ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဟောင်က ပြောကြားခဲ့သည်။
Ref:AFP














