အမေရိကန်ကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သွင်းကုန်အချို့ကို စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းကောက်မည်ဟု တရုတ် ထုတ်ပြန်

အမေရိကန်ကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သွင်းကုန်အချို့ကို စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းကောက်မည်ဟု တရုတ် ထုတ်ပြန်
ကယ်လီဖိုးနီးယားပြည်နယ် လော့အိ်န်းဂျလိစ်ဆိပ်ကမ်း၌ ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်ထားပုံကို ဖေဖော်ဝါရီ ၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ကယ်လီဖိုးနီးယားပြည်နယ် လော့အိ်န်းဂျလိစ်ဆိပ်ကမ်း၌ ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်ထားပုံကို ဖေဖော်ဝါရီ ၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 4 February 2025

တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ တင်သွင်းနေသော ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ရည်တို့ ကို သွင်းကုန်စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စုမှ သွင်းကုန်များဖြစ်သော ရေနံစိမ်း၊ စိုက်ပျိုးရေးသုံးစက်ယန္တရားများ၊ အကြီးစားအင်ဂျင်သုံးကားများ၊ ပစ်ကပ်ကုန်တင်ကားများအပေါ် သွင်းကုန်စည်းကြပ်အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ယခုလို အမေရိကန်သွင်းကုန်များကို အခွန်ကောက်ခံခြင်းသည် လွန်ခဲ့သော သီတင်းပတ်ကုန်တွင် အမေရိကန်က တစ်ဖက်သတ်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုကို တု့ံပြန်ခြင်းဖြစ်သည်ဟု တရုတ်က ပြောကြား ခဲ့သည်။

ထရန့်က တရုတ်နိုင်ငံအပေါ်ချမှတ်ထားပြီးသား သွင်းကုန်စည်းကြပ်အခွန်များကို ၁၀ ရာခိုင်နှုန်း ထပ်တိုးခဲ့သည်။

တရုတ်၊ မက္ကဆီကို၊ ကနေဒါတို့သည် အမေရိကန်၏ ထိပ်တန်းကုန်သွယ်ဘက်သုံးနိုင်ငံဖြစ်သည်။ သွင်းကုန်စည်းကြပ်ခွန်တို့ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်အသက်ဝင်သည့်အခါ လက်တုံ့ပြန်သွားမည်ဟု သုံးနိုင်ငံစလုံးက ပြောကြားထားသည်။

ကုန်သွယ်ရေးစစ်ပွဲက အနည်းဆုံးအားဖြင့် ရေတိုတွင် အမေရိကန်စီးပွားရေးတိုးတက်မှုကို နှေးကွေးစေပြီး ကုန်စျေးနှုန်းများကို မြင့်တက်စေလိမ့်မည်ဟု လေ့လာဆန်းစစ်သူများက ခန့်မှန်းထားကြသည်။ ၂၀၂၄ ရွေး ကောက်ပွဲကိုအနိုင်ရစေသည့် အဓိကအကြောင်းရင်းအဖြစ် ၎င်းရှုမြင်ထားသော ကုန် ကျစရိတ်မြင့်တက်မှုများအတွက် စိတ်ပျက်ခဲ့ရပြီးနောက် ထရန့်က ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

သွင်းကုန် စည်းကြပ်အခွန်ကောက်ခံမှုအစီအမံများသည် အမေရိကန်ပြည်ထောင်စုသို့ တရားမဝင်ရွှေ့ပြောင်းများ ဝင်ရောက်ရန်ပျက်ကွက်သော နိုင်ငံများကိုလည်းကောင်း၊ အမေရိကန်ပြည်ထောင်စုသို့ fentanly အပါအဝင် မူးယစ်ဆေးဝါးများ ဝင်ရောက်နေခြင်းကို ဟန့်တားရန်ပျက်ကွက်သော နိုင်ငံများကိုလည်းကောင်း အပြစ်ပေးရန်ရည်ရွယ်သည်ဟု ထရန့်က ပြောကြားခဲ့သည်။

“ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်နေတဲ့ အမေရိကန်ရဲ့လုပ်ဆောင်မှုဟာ ကိုယ့်ပြဿနာကို ကိုယ့်ဘာသာဖြေရှင်းတာမျိုး မဟုတ်ပါဘူး။ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ပုံမှန်စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကို အနှောင့် အယှက်ပေးနေပါတယ်”ဟု တရုတ်က ပြောကြားခဲ့သည်။

ထရန့်က သမ္မတရှီကျင်းပင်နှင့် နောက်လာမည့် ၂၄ နာရီတွင် ဖုန်းဆက်စကားပြောမည်ဟု ပြောကြားခဲ့ပြီး မကြာမီ ဖေဖော်ဝါရီ ၁၀ ရက်တွင်  စတင်အကျိုးသက်ရောက်မည့် သွင်းကုန်စည်းကြပ်အခွန်ကောက်ခံမှုကို တရုတ်ဘက်က ကြေညာလိုက်ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသို့ တရားမဝင်ရွှေ့ပြောင်းများ ဝင်ရောက်မှုနှင့် Fentanyl ဝင်ရောက်မှုတို့ကိုတားဆီးမည့် နယ်စပ်အစီအမံများကို တင်းကျပ်ရန် မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိန်းဘောင်းနှင့် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုတို့က ထရန့်နှင့်နောက်ဆုံး မိနစ်ရောက်မှ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သောကြောင့် ခြိမ်းခြောက်ထားသော သွင်းကုန်စည်းကြပ်အခွန်ကောက်ခံမှုကို ရက် ၃၀ ရပ်ဆိုင်းမှုဆီ ဦးတည်စေခဲ့သည်။

ထိုသတင်းကြောင့် ဖေဖော်ဝါရီ ၄ ရက်တွင် အာရှရှယ်ယာစျေးများ မြင့်တက်လာခဲ့ပြီး အလားတူဆွေးနွေးမှုများက ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ တရုတ်အပေါ်ကောက်ခံသော စည်းကြပ်အခွန်များ သက်သာရာရစေနိုင်သည်ဟူသော မျှော်လင့်ချက်များရှိ လာစေသည်။                                     Ref: AFP

Most Read

Most Recent