ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်တွင် ကျားဖျန့် လုပ်ငန်းက ပိုင်ဆိုင်သည့် မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများ၊ ဆင်းမ်ကတ်များနှင့်အတူ အမျိုးသားတစ်ဦးကို လုံခြုံရေးအရာရှိများက ဖမ်းဆီးရမိခဲ့သည်။
ထိုဆက်သွယ်ရေးပစ္စည်းများကို ထိုင်း နိုင်ငံအနောက်ပိုင်း တာ့ခ်ပြည်နယ် မယ့်ရာ မတ်ခရိုင်ရှိ ကျားဖျန့်ဂိုဏ်းတစ်ခုမှ ငွေကြေး လိမ်ညာတောင်းခံသူများ ပိုင်ဆိုင်ခြင်းဖြစ် ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ရတ်ချာမာနူ အထူးတပ်ဖွဲ့မှ စစ်သား များ၊ နယ်စပ်ကင်းလှည့်ရဲတပ်ဖွဲ့နှင့် အုပ်ချုပ် ရေးအရာရှိများပါဝင်သည့် အဖွဲ့သည် မယ် ရာမတ်ခရိုင်ရှိ ထိုင်း-မြန်မာနယ်စပ်ဒေသ များတွင် တရားမဝင်လှုပ်ရှားမှုများကို ထောက်လှမ်းရန် စစ်ဆေးရေးဂိတ်များထူ ထောင်ပြီး ကင်းလှည့်မှုများပြုလုပ်နေသည်။
တာဝန်ရှိသူများသည် တိုယိုတာ ပစ်ကပ် ထရပ်ကားတစ်စီးကို ရှာဖွေရာတွင် မိုဘိုင်း ဖုန်း ၁၂၅၁ လုံး၊ ဆင်းမ်ကတ် ၂၇၄ ကတ်နှင့် ကွန်ပျူတာ ၁၉ လုံး တွေ့ရှိခဲ့ကြသည်။
ယာဉ်မောင်းဖြစ်သူသည် အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး အမည်မှာ တစ်ဟုခေါ်ဆိုကြောင်း ရဲအရာရှိများက ပြော ကြားခဲ့သည်။
ထိုုအမျိုးသားသည် ဘတ် ၅၀၀၀ ကိုယူ ကာ ထိုပစ္စည်းများကို မယ့်ရာမတ်ခရိုင် ဘန် နမ်ဒစ်ဘွန်ဝမ် ကျေးရွာရှိ သောင်ရင်းမြစ်အနီး မှ သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ထိုပစ္စည်း များကို ပုဂ္ဂလိက ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီ မှတစ်ဆင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ဝသန်န နာခွန်းခရိုင် ဆာကေအိုမြို့ရှိ ပါ၀ါလီ အမည်ရှိ လူပုဂ္ဂိုလ်ထံ ပေးပို့ရန်စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
တာ့ခ်ပြည်နယ်၏ ခရိုင်ကိုးခုအနက် ငါးခုကို စီမံအုပ်ချုပ်ရသည့် ရတ်ချမာနူ အထူး တပ်ဖွဲ့၏တပ်မှူး ဗိုလ်မှူးကြီး နာသာကွန်း ရူအန်တစ်က ယခုသိမ်းဆည်းရမိသည့် ပစ္စည်း များသည် တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် မြန်မာနိုင်ငံ မြ ဝတီမြို့ရှိ ကျားဖျန့်ငွေလိမ်ဂိုဏ်းများမှ ပိုင်ဆိုင် သည့်ပစ္စည်းများဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှု များအရ သိရသည်ဟု ဖေဖော်ဝါရီ ၂ ရက် တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ထိုကျားဖျန့်လုပ်ငန်းများ သည် ထိုင်း၏ ဆာကေအိုမြို့နှင့် မျက်နှာချင်း ဆိုင်တွင်ရှိသည့် ကမ္ဘောဒီးယားနယ်စပ်သို့ ပြောင်းရွှေ့လုပ်ကိုင်ရန် စီစဉ်နေကြောင်း နာ သာကွန်းက ပြောကြားခဲ့သည်။
လက်ရှိအမှုတွင် ပါဝင်ပတ်သက်သည့် အခြားသူများကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေး မှုများကို လုပ်ဆောင်နေပြီး တစ်အမည်ရှိ အဆိုပါ အမျိုးသားကို နောက်ထပ်စစ်ဆေး မေးမြန်းရန်နှင့် တရားဥပဒေအရ အရေးယူ ရန် မယ့်ရာမတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။
Ref: Bangkok Post















