မြန်မာ့အရေးနှင့် ပတ်သက်ပြီး အကြမ်းဖက်မှု ပုံစံအားလုံးကို ရှုတ်ချကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အကြမ်းဖက်မှု ပုံစံအားလုံးကို ရှုတ်ချကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား
Published 31 January 2025

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အကြမ်း ဖက်မှု ပုံစံအားလုံးကို ရှုတ်ချကာ လူ့အခွင့်အ ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုလေးစားလိုက်နာပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီ ဂူတာရက်စ်က ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချသကဲ့သို့ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုလေးစားလိုက်နာပြီး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ပဋိပက္ခဖြစ်နေသည့် အဖွဲ့များအားလုံးကို တောင်းဆိုခဲ့ပြီး လူမှုအသိုင်းအဝိုင်းများကြား တင်းမာမှုများနှင့် အကြမ်းဖက်မှုလှုံ့ဆော်မှုများ ထပ်မံမဖြစ်ပွားစေရန် ကာကွယ်တားဆီးကြရန်အတွက်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းသည်။

မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သည့် လေးနှစ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေသူ ဦးရေ ၁ သန်းနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ၁၉ ဒသမ ၉ သန်းကျော်ရှိပြီဖြစ်ရာ မြန်မာနိုင်ငံ၏ လူဦးရေသုံးပုံတစ်ပုံကျော် ဖြစ်နေကြောင်း၊ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များနှင့် အရေးပါသည့် ကူညီလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်း များကို အဟန့်အတားမရှိသွားလာခွင့်ပြုရမည် ဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ်က ဆိုသည်။

ထို့ပြင် အားလုံးပါဝင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသို့ ဦးတည်သည့် လမ်းကြောင်းတစ်ခု ဖော်ဆောင်ရေးနှင့် အရပ်သား အုပ်ချုပ်ရေးသို့ ပြန်သွားနိုင်ရေးတို့အတွက် မြန်မာပြည်သူများအား  ကူညီရန်အတွက် လည်းကောင်း၊ တင်းမာမှုများ အဆုံးသတ်ရန် အတွက်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အ စည်းများအားလုံးအကြား ပိုမို၍ ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ထပ်မံတောင်းဆိုလိုက်သည်။

အလားတူ မြန်မာနိုင်ငံမှ ဒုက္ခသည်များ ကို လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင်နိုင်ငံများကို နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ပိုမို ထောက်ပံ့ကူညီရန်နှင့် ပဋိပက္ခနှင့် ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေး လာသူများအား ဘေးကင်းလုံခြုံရေးနှင့် အ ကာအကွယ်များပေးရန် ဒေသတွင်း နိုင်ငံများ ကိုလည်း ပန်ကြားအပ်သည်ဟု ကုလအတွင်း ရေးမှူးချုပ်က ပြောကြားသည်။

ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Julie Bishop သည် မြန်မာနိုင်ငံမှ ဦးဆောင်သည့် အကျပ်အတည်း ဖြေရှင်းရေးလမ်းစဉ်ရှာဖွေရာတွင်  အာဆီယံနှင့် အနီးကပ်ဆောင်ရွက်နေပြီး သက်ဆိုင်ရာ အဖွဲ့အားလုံးနှင့်လည်း ထိတွေ့ ဆက်ဆံလျက်ရှိကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြော ကြားသည်။

Most Read

Most Recent