AI မော်ဒယ်သစ်များ ဖန်တီးရေးအတွက် Open AI က ဒေါ်လာဘီလျံ ၄၀ ရှိသော ငွေကြေးရှာဖွေမှုအသစ်ကို လုပ်ဆောင်

AI မော်ဒယ်သစ်များ ဖန်တီးရေးအတွက် Open AI က ဒေါ်လာဘီလျံ ၄၀ ရှိသော ငွေကြေးရှာဖွေမှုအသစ်ကို လုပ်ဆောင်
Published 31 January 2025

ChatGPT ကို ဖန်တီးသောကုမ္ပဏီ Open AI က လောလောလတ်လတ် ငွေကြေးရှာဖွေမှုတွင် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ ရရှိရန် ကြိုးပမ်းနေရာ ယင်းရန်ပုံငွေ ရရှိလာမည်ဆိုပါက ကုမ္ပဏီ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ဘီလျံ ၃၄၀ ရှိလာမည်ဟု ဇန်နဝါရီ ၃၀ ရက်တွင် ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။

ဂျပန်၏ Soft Bank က Chat GPT တွင် ရင်းနှီးမြှုပ်နှံမှုကို လုပ်ဆောင်ရန် ဦးဆောင်ထားပြီး Chat GPT ၏ အကြီးမားဆုံး ငွေကြေးထောက်ပ့ံသူ ဖြစ်လာစေမည့် သဘောတူညီချက် တစ်ရပ်တွင် ဒေါ်လာ ၁၅-၂၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးလျက်ရှိသည်။

လူကြိုက်များသော ChatGPT လို AI တရုတ်ထံမှ ပေါ်ထွက်လာပြီးနောက် အလား အလာကောင်းလွန်း နေသော AI နယ်ပယ်၌ ကသောင်းကနင်း ဖြစ်မည့်ပူပန်မှုများက ဇန် နဝါရီ ၂၇ ရက်တွင် ဝေါစထရိကို တုန်လှုပ် စေခဲ့ပြီးနောက် ChatGPT ထံမှ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အသစ်များကို ဖိတ်ခေါ်သည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်တွင် တရုတ်၏ AI က Apple ၏ US App Store တွင် ဒေါင်းလုပ်ဆွဲမှု အများဆုံးသော အခမဲ့ အပလီကေးရှင်း ဖြစ်လာခဲ့ပြီး Open AI၏ Chat GPT နေရာကို အစားဝင်လာခဲ့သည်။

AI နယ်ပယ်ကို အမှန်တကယ် တုန်လှုပ်စေသော အချက်မှာ အဓိကအားဖြင့် ကုန်ကျစရိတ်များပြားသော Nvidia ချပ်စ်များနှင့် ဆော့ဝဲများတွင် AI ဖန်တီးရာ၌ ကုမ္ပဏီကြီးများ ရင်းနှီးမြှုပ်နှံသော ကုန်ကျစရိတ်၏ အစိတ်အပိုင်းအနည်းငယ်ဖြင့် မိမိတို့၏ နောက်ဆုံးထုတ် AI ဖြစ်သည့် R1 ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု DeepSeek က ပြောခဲ့သော အချက်ဖြစ်သည်။

Softbank ရင်းနှီးမြှုပ်နှံမှုကို Financial သတင်းစာက ပထမဦးဆုံး ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Open AI က ကုမ္ပဏီတန်ဖိုးကို အမေရိကန်ဒေါ်လာ ၁၅၇ ဘီလျံ ဖြစ်လာစေခဲ့သော ယခင် ငွေကြေးရှာဖွေမှုကို ပိတ်လိုက်ပြီးနောက် သုံးလမျှအကြာတွင် ယခုရင်းနှီးမြှုပ်နှံမှု အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကုမ္ပဏီ၏ တန်ဖိုးကို နှစ်ဆဖြစ်လာအောင် လုပ်ဆောင်ခြင်းက ဆီလီကွန်ဗယ်လေသမိုင်းတွင်  မကြုံစဖူး အနေအထား ဖြစ်လာစေလိမ့်မည်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း AI မော်ဒယ်များကို အစမှတည်ရန် ဆောက်ရန်လို အပ်သော ငွေပမာဏ အများအပြားများကို အချက်ပြလိုက်ခြင်းဖြစ်ပြီး ယင်းသို့တည်ဆောက်မည့် AI တွင် နောက်ဆုံးပေါ် ကွန်ပျူတာ လုပ်ဆောင်ချက်နှင့် ကွန်ပျူတာနှင့် ဆက်စပ်သော အခြေခံအဆောက်အအုံတို့  လိုအပ်သည်။

၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ChatGPT ထွက်လာခြင်းက Nvidia ကို ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီအဖြစ် တွန်းပို့ပေးလိုက်သောကြောင့် AI နယ်ပယ်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် အနေအထားတွင် DeepSeek က ၎င်း၏ AI ကို ကုန်ကျစရိတ်နည်းနည်းဖြင့် ဖန်တီးလိုက်ခြင်းသည် ထူးခြားနေသည်။

Softbank နှင့် OpenAI တို့သည် အမေရိကန်ပြည်ထောင်စု၌ AI အခြေခံအဆောက်အအုံတို့တွင် အမေရိကန်ဒေါ်လာ ဘီလျံ ၅၀၀ အထိ ရင်းနှီးမြှုပ်နှံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကြေညာခဲ့သော Stargate drive ၏ အစိတ်အပိုင်းများ ဖြစ်သည်။

ငွေကြေးရှာဖွေမှု အသစ်က Open AI အနေဖြင့် Stargate အတွက် ဒေါ်လာ ၁၈ ဘီလျံခန့် ထည့်ဝင်မည့် ကုမ္ပဏီ၏ဆန္ဒကို ဖြည့်ဆည်းရာတွင် တစ်စိတ်တစ်ပိုင်းအားဖြင့် အကူအညီပေးလိမ့်မည်ဟု ဝေါစထရိဂျာနယ် က ဖော်ပြခဲ့သည်။

ဂျပန်ဘဏ် Softbank ၏ ကတိပေးထားသော ရင်းနှီးမြှုပ်နှံမှုက Stargate အတွက် အမေရိကန်ဒေါ်လာ ၁၅ ကျော်ရင်း နှီးမြှုပ်နှံမှုအပေါ်ထပ်မံရင်းနှီးမြှုပ်နှံမှု ဖြစ်လာမည်ဟု ဆွေးနွေးမှုများကို သိရှိထားသူများ ၏ ကိုးကားပြောဆိုမှုများအား Financial Times က ဖော်ပြခဲ့သည်။ Open AI တွင် Softbank ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာဘီလျံ ၄၀ ကျော် ရှိလာနိုင်သည်။     

Ref:AFP

Most Read

Most Recent