တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် DeepSeek ၏ DeepSeek-V3 AI Chatbot DeepSeek-V3 AI Chatbot ထက် ပိိုမိုကောင်းမွန်သည့် Qwen 2.5 AI Chatbot ကို ထုတ်လုပ်ပေးခဲ့ကြောင်း တရုတ်နည်းပညာကုမ္ပဏီဖြစ်သည့် Alibaba က ဇန်နဝါရီ ၂၉ ရက်တွင် ကြေညာခဲ့သည်။
Qwen 2.5 –Max ကို အသုံးပြုနိုင်ရန် ထုတ်ပေးခဲ့သည့်နေ့သည် တရုတ်လူမျိုးအများစု၏ အားလပ်ရက်ဖြစ်သည့် တရုတ်နှစ်သစ်ကူးကာလ၏ ပထမဆုံးနေ့ဖြစ်ပြီး ယင်းသည် တရုတ်၏ နည်းပညာစွန့်ဦးတီထွင်ကုမ္ပဏီဖြစ်သည့် DeepSeek ၏ တစ်ရှိန်ထိုး အောင်မြင်ကျော်ကြားခဲ့သည့် AI Chatbot အတွက် ပြည်ပပြိုင်ဘက်များသာမက ပြည်တွင်းတွင်ပါ ပြိုင်ဘက်ရှိနေသည့်ဆိုသည့်အချက်ကို ပြသရာရောက်ခဲ့သည်။
“Qwen 2.5 - Max ဟာ GPT-40၊ DeepSeek-V3 နဲ့ Llama-3.1-405B တို့ထက် ပိုမိုသာလွန်နေပါတယ်” ဟု Alibaba ကုမ္ပဏီ၏ Cloud ဌာနက ၎င်း၏ တရားဝင် WeChat အကောင့်တွင် ကြေညာခဲ့သည်။
GPT-40 သည် OpenAi ၏ AI မော်ဒယ်ဖြစ်ပြီး Llama-3.1-405B သည် Meta ကုမ္ပဏီ၏ AI မော်ဒယ်ဖြစ်သည်။
DeepSeek ၏ AI ဖြစ်သည့် DeepSeek-V3 မော်ဒယ်ကို ဇန်နဝါရီ ၁၀ ရက်က ထွက်ပေါ်လာခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်တွင် DeepSeek ၏ R1 မော်ဒယ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အမေရိကန်၏ နည်းပညာလောကကို ဂယက်ရိုက်ခတ်သွားခဲ့ပြီး တရုတ်၏ စွန့်ဦးတီထွင်ကုမ္ပဏီအသေးစားတစ်ခုသည် ကုန်ကျစရိတ်အနည်းငယ်ဖြင့် AI Chatbot ကို ထုတ်လုပ်နိုင်ခဲ့သဖြင့် အမေရိကန်ရှိ AI ကုမ္ပဏီများတွင် ငွေကြေးများစွာ အသုံးပြုနေမှုအပေါ် ရင်းနှီးမြုပ်နှံသူများက မေးခွန်းထုတ်လာခဲ့ကြကာ နည်းပညာရှယ်ယာတန်ဖိုးများကျဆင်းသွားခဲ့သည်။
သို့သော် DeepSeek ၏ အောင်မြင်မှုက တရုတ်ပြည်တွင်းရှိ ပြိုင်ဘက်များအတွက် ၎င်းတို့၏ AI မော်ဒယ်များကို အဆင့်မြှင့်တင် မွန်းမံသည့် အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။
DeepSeek –R1 ထွက်ပေါ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် TikTok ကိုပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီက ၎င်း၏ AI မော်ဒယ်ကို အဆင့်မြှင့်တင်ပြီး ထုတ်ပေးခဲ့သည်။
ByteDance ကုမ္ပဏီက ၎င်း၏ AI မော်ဒယ်သည် Microsoft ကုမ္ပဏီက ထောက်ပံ့ပေးထားသည့် OpenAIoI ထက် ပိုမိုသာလွန်ကြောင်း ကြေညာခဲ့သည်။
DeepSeek က ၎င်း၏ R1A1 မော်ဒယ်သည် Open A1 ၏ o1 မော်ဒယ်ထက်ပိုမို ကောင်းမွန်ကြောင်းကြေညာခဲ့ပြီးနောက် ByteDance ကုမ္ပဏီကလည်း အလားတူ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
DeepSeek ၏ V3 မော်ဒယ်မတိုင်မီ DeepSeek –V2 သည် ပြီးခဲ့သည့်နှစ်မေလက ထွက်ပေါ်လာခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် AI မော်ဒယ်စျေးနှုန်း စစ်ပွဲတစ်ခုကို ဖြစ်ပွားစေခဲ့သည်။
DeepSeek –V2 သည် open source ဖြစ်ပြီး စျေးအလွန်သက်သာကာ တိုကင် ၁ သန်း သို့မဟုတ် AI မော်ဒယ်က ရှာဖွေရှင်းပြပေးသည့် အချက်အလက်ယူနစ် ၁ သန်းအတွက် ၁ ယွမ် (ဒေါ်လာ ၁၄ ပြား) သာ ကုန်ကျမည်ဖြစ်သည်။
ထို့ကြောင့် Alibaba ကုမ္ပဏီ၏ Cloud ဌာနကလည်း ၎င်းတို့၏ AI မော်ဒယ်များကို စျေးနှုန်း ၉၇ ရာခိုင်နှုန်းလျှော့ချကြောင်း ကြေညာခဲ့သည်။ Baidu နှင့် တရုတ်၏ တန်ဖိုးအကြီးဆုံး အင်တာနက်ကုမ္ပဏီဖြစ်သည့် Tencent ကုမ္ပဏီတို့အပါအဝင် အခြားတရုတ် နည်းပညာကုမ္ပဏီများကလည်း ၎င်းတို့၏ AI မော်ဒယ်များကို စျေးနှုန်းများ လျှော့ချပေးခဲ့သည်။















