ဇန်နဝါရီ ၁၅ ရက်က ၀ါရှင်တန်မြို့တော်တွင် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ကြားနာပွဲမတိုင်မီ သက်သေထွက်ဆိုနေသော စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန်ရက်ကလစ်ဖီကို တွေ့ရစဉ်
COVID-19 ကပ်ရောဂါသည် သဘာဝ အလျောက် ပေါ်ပေါက်လာခြင်းထက် ဓာတ်ခွဲခန်းမှ ယိုစိမ့်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ၏ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
COVID-19 ကပ်ရောဂါသည် ဓာတ်ခွဲခန်း မတော်တဆမှုကြောင့် သို့မဟုတ် သဘာဝ အလျောက် ပေါက်ပေါ်လာခဲ့ခြင်း ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်ကြောင်း စီအိုင်အေ က နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ခြင်းဖြစ်သည်။
သို့သော် ဘိုင်ဒင်အစိုးရအဖွဲ့၏ နောက်ဆုံး သီတင်းပတ်များတွင်မူ စီအိုင်အေ ညွှန်ကြားရေးမှူးဟောင်း ဝီလျံဘန်းစ်က COVID-19 နှင့်ပတ်သက်ပြီး ရှင်းလင်းတိကျသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန် စီအိုင်အေ ၏ ကျွမ်းကျင်သူများနှင့် သိပ္ပံပညာရှင်များကို တိုက်တွန်းခဲ့ကြောင်း အမေရိကန် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
COVID-19 ကပ်ရောဂါ၏ မူလဇစ်မြစ်သည် သုတေသနနှင့်ဆက်စပ်နေသည်ဆို သည့် အချက်သည် ပို၍ဖြစ်နိုင်သည်ဆိုသည့် ၎င်းတို့၏ ဆန်းစစ်လေ့လာမှုကို အနည်းငယ် ယုံကြည်မှုရှိကြောင်း စီအိုင်အေက ပြောကြား ခဲ့ပြီး၊ COVID-19 သည် ဓာတ်ခွဲခန်းမှ ယို စိမ့်လာခြင်း သို့မဟုတ် သဘာဝအလျောက် ပေါ်ပေါက်ခြင်း ဆိုသည့် အချက်နှစ်ချက်သည် ဖြစ်နိုင်ခြေအရှိဆုံး စိတ်မှန်းသုံးသပ်ချက်များ အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
စီအိုင်အေ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက် ပြီး ၀ါရှင်တန်ရှိ တရုတ်သံရုံးက ချက်ချင်းမှတ် ချက်မပေးခဲ့ပေ။
စီအိုင်အေအနေဖြင့် COVID-19 ၏ မျိုးဗီဇများနှင့်ပတ်သက်သည့် ထောက်လှမ်း ရေးသတင်းအချက်အလက်အသစ်များကို စုဆောင်းရရှိခြင်း သို့မဟုတ် ယခုထုတ်ပြန် သည့် ခန့်မှန်းချက်သည် အသစ်တွေ့ရှိသည့် အချက်အလက်များကို အခြေခံခြင်း ဟုတ်၊ မဟုတ်ကို ရှင်းလင်းစွာမသိရပေ။
တရုတ်အစိုးရကမူ COVID-19 ကပ် ရောဂါ၏ မူလဇစ်မြစ်ကို ဆုံးဖြတ်ရန် သုတေ သန လုပ်ဆောင်မှုကို ထောက်ခံကြောင်းနှင့် ပူးပေါင်းပါဝင်ကြောင်း ပြောကြားခဲ့ပြီး အ မေရိကန်ထောက်လှမ်းရေးအေဂျင်စီများ၏ စုံစမ်းထောက်လှမ်းသည့် အားထုတ်ကြိုးပမ်း များနှင့်အတူ အမေရိကန်အစိုးရသည်
ထိုအရေးကိစ္စကို နိုင်ငံရေးသဘော သက် ဝင်စေရန် လုပ်ဆောင်နေကြောင်းစွပ်စွဲ ခဲ့သည်။
ထို့ပြင် COVID-19 သည် ဓာတ်ခွဲခန်း မှ ယိုစိမ့်လာသည်ဆိုသည့် ပြောကြားချက်များ သည် ယုံကြည်လက်ခံနိုင်စရာမရှိကြောင်း တရုတ်က ပြောကြားခဲ့သည်။
စီအိုင်အေညွှန်ကြားရေးမှူး ဂျွန်ရက် ကလစ်ဖီကမူ COVID-19 ကပ်ရောဂါနှင့် ပတ်သက်ပြီး လူသိရှင်ကြား သုံးသပ်ချက်တစ် ခုပြုလုပ်ရေးသည် ၎င်း၏ ဦးစားပေး ကိစ္စများ ထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း COVID-19 သတင်းဝက်ဘ်ဆိုက်နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
“ဒါက တာဝန်ထမ်းဆောင်တဲ့ ပထမဆုံး နေ့မှာ ကျွန်တော်လုပ်မယ့်အရာပါ။ ကျွန် တော်တို့ ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေ၊ ကျွန်တော်တို့ရဲ့ သိပ္ပံပညာနဲ့ ကျွန်တော်တို့ရဲ့အခြေ ခံနားလည်ခံစားတတ်မှုတွေအရ COVID-19 ရဲ့ ဇစ်မြစ်တွေဟာ ဝူဟန် ဗိုင်းရပ်စ်ဗေဒ ဌာနကနေ ယိုစိမ့်လာတယ်ဆိုတဲ့အချက်ကို တကယ်ပဲ အဆုံးအဖြတ်ပေးနေပါတယ်” ဟု ရက်ကလစ်ဖီက ဆိုသည်။ Ref: Reuters















