■ အစ္စရေးက ဂါဇာ အပစ်အခတ် ရပ်စဲရေး ပထမအဆင့်အဖြစ် ပါလက်စတိုင်း အကျဉ်းသား ၇၃၇ ဦးကို ပြန်လွတ်ပေးမည်

■ အစ္စရေးက ဂါဇာ အပစ်အခတ် ရပ်စဲရေး ပထမအဆင့်အဖြစ် ပါလက်စတိုင်း အကျဉ်းသား ၇၃၇ ဦးကို ပြန်လွတ်ပေးမည်
Published 18 January 2025
■ Ref:AFP

ဇန်နဝါရီ  ၁၈ ရက်တွင် အတည်ပြုခဲ့သော ဂါဇာ အပစ်အခတ်ရပ်စဲရေးနှင့်ဓားစာခံ ပြန်လွှတ်ရေး ပထမအဆင့် အစိတ်အပိုင်းအဖြစ် အကျဉ်းသားများနှင့်ထိန်းသိမ်းခံထားရသူ ၇၃၇ ဦးကို လွှတ်ပေးမည်ဟု အစ္စရေး တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လတ်တလောတွင် အကျဉ်းထောင်များထဲ၌ ထိန်းသိမ်းခံထားရသော အကျဉ်းသားနှင့် ထိန်းသိမ်းခံထားရသူ ၇၃၇ ဦး ပြန်လွှတ်ရေးကို အစိုးရကအတည်ပြုခဲ့သည်ဟု အစ္စရေးအစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပစ်အခတ်ရပ်စဲရေးကို ဇန်နနဝါရီ ၁၈ ရက် စောစောပိုင်းတွင် မဲခွဲအတည်ပြုခဲ့သည်ဟု ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု၏ရုံးက ထုတ်ပြန်ခဲ့သည်။

အစ္စရေးတရားရေးဝန်ကြီးဌာနကအမည်‌‌ဖော်ပြထားသူများထဲတွင် အမျိုးသားများ၊ အမျိုသမီးများ၊ ကလေးများ ပါဝင်နေပြီး ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ မထိုးမီ ပြန်လွှတ်လိမ့်မည်မဟုတ်ဟု ဆိုသည်။

ဂါဇာရှိ အစ္စရေးဓားစာခံများနှင့် ဖလှယ်သည့်အနေဖြင့် အမျိုးသမီး အများစုဖြစ်သည့် ပါလက်စတိုင်း အကျဉ်းသား ၉၅ ဦးစာရင်းကို ပြန်လွှတ်ပေးမည်ဟု အစ္စရေးက ယခင်က ထုတ်ပြန်ခဲ့သည်။

ထပ်တိုးစာရင်းတွင် ပါဝင်သူများထဲ၌ ပါလက်စတိုင်းသမ္မတမာမွတ်အဘတ်စ်၏ဖာတာပါတီ လက်နက်ကိုင် အဖွဲ့ခွဲ၏ အကြီးအကဲဇာခါရီးယားဇူဘေဒီပါဝင်သည်။ ဇူဘေဒီသည် ၂၀၂၁ ခုနှစ်တွင် အခြားပါလက်စတိုင်းသားငါးဦးနှင့်အတူ ဂီလ်ဘိုအာ ထောင်မှ လွတ်သွားခဲ့သူဖြစ်ပြီး ၎င်းအား ပြန်လည် ဖမ်းဆီးရန် ရက်ချီကြာမြင့်ခဲ့သည်။ ပါလက်စတိုင်းသားများက ၎င်းကို သူရဲကောင်းအဖြစ် ချီးကျူးနေကြသည်။

ဟားမာ့စ်ကပြန်လွှတ်မည့် ဓားစာခံများထဲတွင် အစ္စရေး အမျိုးသမီးစစ်သည် သုံးဦးပါဝင်မည်ဟု ဆိုသည်။

 

Photos: AFP

 

Most Read

Most Recent