ချယ်လ်ဆီးက ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းထက် အားကောင်းမောင်းသန်ရှိနေပါပြီ။ ချယ်လ်ဆီးနည်းပြ မာရက်စကာက ချန်ပီယံဆုအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ဘယ်လိုပဲ ငြင်းနေပါစေ ချယ်လ်ဆီးကို ဘယ်သူမှအထင်မသေးရဲဘူး။ မာရက်စကာက နောက်ထပ်သုံးရာသီ၊ လေးရာသီလောက်ဆိုရင် ချယ်လ်ဆီးအကြီးအကျယ်အောင်မြင်မယ်ဆိုပြီး နိမိတ်ဖတ်ထားတယ်။ အဲဒီအချိန်ဆိုရင် ချယ်လ်ဆီးလူငယ်ကြယ်ပွင့်တွေက အခုထက်ပိုပြီး ရင့်ကျက်နေပြီမဟုတ်လား။ အခုများ မာရက်စကာပြောတဲ့ နောက်ထပ်သုံးရာသီ၊ လေးရာသီမဟုတ်ဘဲ လက်ရှိရာသီမှာပဲ ချယ်လ်ဆီးက ရွှေတောင်ပံတွေပိုင်ဆိုင်နေပြီ။ ဟိုးအမြင့်ဆုံး အထိပျံသန်းနေပြီ။ ချယ်လ်ဆီးမှာ ပါရမီရင့်သန်လွန်းတဲ့ တိုက်စစ်အင်အားစု ပိုင်ဆိုင်ထားတယ်။ သူတို့က သိပ်ပြီးအားကိုးရတယ်။ လီဗာပူးလ်နဲ့အာဆင်နယ်က ခံစစ်မှာအရည်အသွေးမြင့် ကစားသမားတွေ ပိုများပေမယ့် တိုက်စစ်ချင်းယှဉ်ရင် ချယ်လ်ဆီးနိုင်လိမ့်မယ်။
ချယ်လ်ဆီးရဲ့ချန်ပီယံမျှော်လင့်ချက်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















