ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အငြင်းပွားနယ်မြေများမှ “ဝ” တပ်ဖွဲ့ (UWSA) ဆုတ်ပေးရေးကိစ္စ ဆက်လက်ဆွေးနွေးနေသည်ဟု ထိုင်းပြောကြား

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အငြင်းပွားနယ်မြေများမှ “ဝ” တပ်ဖွဲ့ (UWSA) ဆုတ်ပေးရေးကိစ္စ ဆက်လက်ဆွေးနွေးနေသည်ဟု ထိုင်းပြောကြား
Published 20 December 2024
Ref:Bangkok Post

ထိုင်းနယ်မြေထဲမှ စစ်သားများ ဆုတ်ခွာရေးဆွေးနွေးပွဲများကို မြန်မာ၏ “၀” တပ်ဖွဲ့ (UWSA) နှင့်အတူ လုပ်ဆောင်နေသည်ဟု ထိုင်းနိုင်ငံ၏ 3rd Army Region တပ်မှူးက ပြောကြားသည်။

နယ်စပ်ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် တာဝန်ရှိသော အာဏာပိုင်များ၏ ကျွမ်းကျင်မှုများနှင့်လုပ်ငန်းဆိုင်ရာ စွမ်းရည်များ တိုးတက်အောင် အလေးပေးလုပ်ဆောင်သော ပစ်ဆာနူလွတ် အခမ်းအနားတွင် တပ်မှူးဒုတိယဗိုလ်ချုပ်ကစ်တီပေါင်ဂျမ်ဆူဝမ်က “၀” တပ်ဖွဲ့ (UWSA) နှင့် သက်ဆိုင်သော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ထိုအခမ်းအနားသည် အမျိုးသားလုံခြုံရေးကောင်စီ (NSC) က ရေးဆွဲထားသော ၂၀၂၃ မှ ၂၀၃၀ အထိ လုံခြုံရေးဖွံ့ဖြိုးမှု မဟာဗျူဟာများ၏အစိတ်အပိုင်းအဖြစ် ကျင်းပသော အခမ်းအနားဖြစ်သည်။

အဆင့်အသီးသီး၌ ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိရာ ငြိမ်းချမ်းသော ဆုံးဖြတ်ချက်များအတွက် နေရာကျန်ရစ်မည်ဟု ၎င်းက ပြောကြားခဲ့ရာ “၀” တပ်ဖွဲ့ (UWSA) ကို ရည်ညွှန်းပြောကြားသွားသည်ဟု နားလည်ရသည်။

ဒီဇင်ဘာ ၁၈ ရက်သည် တပ်ရုပ်သိမ်းရေးနှင့်စပ်လျဉ်း၍  “၀”တပ်ဖွဲ့ (UWSA) ဘက်မှ အကြောင်းပြန်ကြားချက်ရေးအတွက် ပုံသေသတ်မှတ်ထားသော နောက်ဆုံးသတ်မှတ်ချိန် မဟုတ်ဟု ဒုတိယဗိုလ်ချုပ် ကစ်တီပွန်က ပြောကြားခဲ့သည်။

ထိုင်းစစ်သားများကို နာရီမလပ် အပြည့်အဝ တပ်လှန့်ထားသည်ဟု ၎င်းက ဆိုသည်။

စစ်ဒေသ ၁၇၁ သို့မဟုတ် တောင်ပိုင်း “၀” တပ်ဖွဲ့ (UWSA) က ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ အငြင်းပွားနယ်မြေများရှိ တပ်ဖွဲ့များကို သုံးလမှ လေးလအတွင်း ဆုတ်ပေးရန်သဘောတူသည်ဟု ထိုင်းမီဒီယာတွင် ပြန့်နေသောသတင်းကို ဒီဇင်ဘာ ၁၆ ရက်တွင် Wa News Land ဟူသော Facebook စာမျက်နှာက ငြင်းဆန်ထားသည်။

Most Read

Most Recent