UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: UEFA
Photo: UEFA
Published 18 November 2024

ခရိုအေးရှား နှင့် ပေါ်တူဂီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ပေါ်တူဂီအသင်းက ပိုလန်ကို ဂိုးပြတ်သွင်းယူပြီး ကွာတားဖိုင်နယ်တက်ရောက်သွားပြီ ဖြစ်သလို အုပ်စုပထမနေရာပါ သေချာသွားပါပြီ။ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုလည်း ဂိုးမြူးနေပြီး အုပ်စုငါးပွဲမှာ ငါးဂိုးသွင်းယူထားနိုင်တယ်။ ခရိုအေးရှားအသင်းကတော့ စကော့တလန်ကို ရှုံးနိမ့်ခဲ့လို့ နောက်ဆုံးပွဲအထိ ရုန်းကန်ရတော့မယ်။ ဒီပွဲသာ ထပ်ပြီးရှုံးနိမ့်ခဲ့ရင် ပိုလန်အသင်းရဲ့ရလဒ်ကို စောင့်ကြည့်ရမှာဖြစ်ပြီး ကွာတားဖိုင်နယ်တက်ခွင့် မသေချာသေးဘူး။ လက်ရှိခြေစွမ်းအရတော့ ပေါ်တူဂီအသင်းကပဲ အဘက်ဘက်က အသာရနေလို့ ခရိုအေးရှားအသင်း တစ်မှတ်ရဖို့တောင် မနည်းရုန်းကန်ရမှာပါ။

ပိုလန် နှင့် စကော့တလန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ဒီနှစ်သင်းကတော့ တန်းမဆင်းရဖို့ပဲ အဓိကပြိုင်ဆိုင်ရမလိုဖြစ်နေပေမဲ့ ခရိုအေးရှားသာ ပေါ်တူဂီကို ရှုံးခဲ့ရင် စကော့တလန်က ကွာတားဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။ ဒါပေမဲ့ ပိုလန်ကွင်းမှာတော့ အိမ်ရှင်ကိုပဲ ရွေးချယ်ချင်ပါတယ်။

စပိန် နှင့် ဆွစ်ဇာလန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ဒီပွဲရလဒ်က နှစ်သင်းစလုံးအတွက် အရေးမပါတော့ဘူး။ ဒိန်းမတ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ စပိန်အသင်းက အုပ်စုပထမနေရာသေချာသွားပြီဖြစ်သလို တစ်မှတ်ပဲရထားတဲ့ ဆွစ်ဇာလန်အသင်းကလည်း League B ကို တန်းဆင်းရတော့မှာပါ။ စပိန်အသင်းမှာ ကြယ်ပွင့်ကစားသမား ယမားလ် မပါနိုင်ပေမဲ့ ပုံစံကောင်းကို ထိန်းထားနိုင်ဆဲဖြစ်ပြီး ဒိန်းမတ်လို ခြေစွမ်းမာကျောတဲ့အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တယ်။ ဆွစ်ဇာလန်ကတော့ အကျဘက်ယိုင်နေပြီး နိုင်ပွဲမရသေးဘူး။ အဝေးကွင်းမှာတောင် ဂိုးပြတ်ဂိုးသွင်းယူထားလို့ အခု အိမ်ကွင်းပွဲမှာလည်း စပိန်အသင်း အခက်အခဲမရှိဘဲ သက်သောင့်သက်သာ အနိုင်ရဦးမှာပါ။

ဆားဘီးယား နှင့် ဒိန်းမတ်  (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ကွာတားဖိုင်နယ်တစ်နေရာကို အပြိုင်လုရမှာဖြစ်သလို၊ တန်းဆင်း Play-offs မကစားရအောင် ကြိုးစားရမယ့်ပွဲလည်း ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းမှာ ဒိန်းမတ်က ပိုကောင်းသလိုရှိပေမဲ့ ဆားဘီးယားကလည်း အိမ်ကွင်းမာပါတယ်။ သရေကျဖို့ များပါတယ်။

 

Most Read

Most Recent