NMSP (AD)  အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို

NMSP (AD)  အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
Published 14 November 2024

မွန်ပြည်သစ်ပါတီမှ ခွဲထွက်သွားသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော NMSP (AD)  အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသော  မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးတို့ ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်က ပြန်လည် လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မုဒုံမြို့နယ်၊ ကျိုက်ရွဲ ကျေးရွာရှိ အဆိုပါ ဟွန်ဒါမြန်မာ သစ်ပါးလွှာ စက်ရုံဝင်းအတွင်းသို့ အင်အား ၂၀ ခန့်ရှိ NMSP (AD)  တပ်ဖွဲ့ဝင်များ ရောက်လာပြီး နောက် သေနတ် လေးချက်ဖောက်ကာ မွန်ဘာသာဖြင့် “သူဌေးနဲ့ပဲ စကားပြောမယ်။ အေးအေးဆေးဆေးနေကြ ဟု ပြောဆိုကာ ဝင်ရောက်လာကြကြောင်းနှင့် စက်ရုံရှိ စက်ရုံမှူး ဦးဘိုဘို၊ မန်နေဂျာ ဦးတင်ထွန်းအောင် နှင့် တရုတ်နိုင်ငံသား ပညာရှင်တစ်ဦး စုစု ပေါင်း သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၉ ရက် မွန်းလွဲ ပိုင်းအချိန်တွင် ၎င်းတို့ သုံးဦးအား မုဒုံမြို့နယ် အဘစ်ကျေးရွာအနီးတွင် လာရောက်ခေါ်ဆောင်ရန် အကြောင်းကြားလာသည့်အတွက် ကြောင့် ၎င်းတို့အား သွားရောက်ခေါ်ဆောင် လာခဲ့ကြောင်း ယင်းစက်ရုံနှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဓိကကတော့ သူတို့  NMSP (AD)  အဖွဲ့က တောင်းတဲ့ ငွေ ကြေးမပေးလို့ စက်ရုံတာဝန်ရှိသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ယူဆရပါတယ်။ နောက်တော့ ဘယ်လိုညှိနှိုင်းပြီး ပြန်လွတ်လာ တယ်ဆိုတာကိုတော့ တိတိကျကျ မသိရဘူး ဟု ပြောကြားသည်။

NMSP (AD)  အနေဖြင့် ၎င်းတို့လှုပ်ရှား ရာဒေအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အား ခေါ်ယူတွေ့ဆုံလျှက်ရှိကြေင်းနှင့် ထိုဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ တာဝန်ရှိသူများကိုလည်း ၎င်းတို့နှင့် အဆက်အသွယ်ပြု လုပ်ရန် အကြောင်းကြားခဲ့သော်လည်း အဆက်အသွယ် မပြုလုပ်ခဲ့သည့်အတွက် စက်ရုံ တာဝန်ရှိသူများအား ယင်းကဲ့သို့ ဖမ်းဆီးခေါ် ဆောင်သွားရခြင်းဖြစ်ကြောင်း  NMSP (AD)  ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောကြား ထားချက်အရ သိရသည်။

ထို့အပြင် NMSP (AD)  အဖွဲ့၏ လှုပ် ရှားရာ နယ်မြေဒေသအတွင်းရှိ စီးပွားရေလုပ် ငန်းရှင်များအားလုံး မိမိတို့နှင့် အဆက်အ သွယ်လုပ်ကြရမည်ဖြစ်ကြောင်းနှင့် ပျက် ကွက်ပါက အရေးယူသွားမည်ဖြစ်ကြောင်းကို လည်း ၎င်းက ဆိုထားသည်။

မွန်ပြည်နယ် မော်လမြိုင်ခရိုင်နှင် ရေးခ ရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တစ်ဖက်မှ လက်နက်ကိုင်အဖွဲ့အ စည်းများနှင့် ပတ်သက်ဆက်သွယ်မိသည့်အ ကြောင်းကို တစ်ဖက်မှ လုံခြုံရေးတပ်ဖွဲ့ဘက် က သိရှိသွားပါကလည်း အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေအရ အရေးယူခံရနိုင်သည့်အ ခြေအနေမျိုးနှင့် ကြုံတွေ့နေရကြောင်း စီးပွား ရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်များ အရ သိရသည်။

 “ကျွန်တော်တို့အနေနဲ့က ကြားညှပ်နေ တဲ့ သဘောဖြစ်နေတယ်။ တစ်ဖက်ကိုပေး ကမ်းရရင်လည်း တစ်ဖက်က အရေးယူမယ်။ တစ်ဖက်ကို ပတ်သက်ဆက်သွယ်ရင်လည်း တစ်ဖက်က အသက်အန္တရာယ်ခြိမ်းခြောက် ခံရနိုင်တဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့နေရ တယ်။ ဒီလိုအခြေအနေမျိုးဖြစ်နေရင်တော့ လုပ်ငန်းတွေရပ်ဆိုင်းလိုက်ရဖို့ပဲ ရှိတော့ မယ် ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။

NMSP (AD)  သည် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ (NMSP) မှ ခွဲထွက်ကာ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း ပြီး တပ်မတော်အား တိုက်ခိုက်သွားမည်ဟု ကြေညာထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း မွန်ပြည်နယ် သထုံမြို့နယ် မြေနီကုန်းကျေးရွာရှိ Puma Power စက်သုံးဆီအရောင်းဆိုင်မှ မန်နေဂျာ ဒေါ်သိမ့်သူဇာကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် မန်နေဂျာရုံးခန်းအတွင်းရှိ Acer အမျိုးအစား လက်ပ်တော့ တစ်လုံး၊ စားပွဲအံဆွဲအတွင်းမှ စက်သုံးဆီရောင်းချရငွေ ကျပ်ခြောက်သိန်း ကျော်အား ယူဆောင်သွားကြောင်းနှင့် မန်နေ ဂျာရုံးခန်းအတွင်း$လည်း အသံမိုင်းဖောက်ခွဲ မှုလုပ်ဆောင်သွားကြောင်း သိရသည်။

Most Read

Most Recent