ယူကရိန်းပဋိပက္ခ အရှိန်မြင့်တက်လာခြင်း မရှိစေရေးအတွက် ရွေးကောက်ခံ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ ဖုန်းခေါ်ဆိုခဲ့သည်ဟု ၀ါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့သည့်တိုင် ရုရှားနှင့်ယူကရိန်းတို့သည် စံချိန်တင် ဒရုန်းတိုက်ခိုက်မှုများကို တစ်ဘက်နှင့်တစ် ဘက်လုပ်ဆောင်ခဲ့ကြသည်။
အိမ်ဖြူတော်သို့ ထရန့်ရွေးကောက်ခံရခြင်းကြောင့် သုံးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော ယူကရိန်းပဋိပက္ခသည် ပြီးဆုံးရန် အလားအလာရှိနေပြီး ယူကရိန်းကာကွယ်ရေးအတွက် အမေရိကန်၏ ဘီလျံချီ ထောက်ပံ့မှုများကို သို့လောသို့လော ဖြစ်လာစေခဲ့သည်။
ရီပတ်ဘလီကင် ထရန့်က ယူကရိန်း စစ်ပွဲ နာရီပိုင်းအတွင်း ပြီးသွားနိုင်သည်ဟု မဲဆွယ်စည်းရုံးရာတွင် ပြောကြားခဲ့သည်။ ထို့အပြင် ပူတင်နှင့်တိုက်ရိုက်ပြောဆိုမည်ဟု ထရန့်က ပြောကြားထားခဲ့သည်။ ပူတင်နှင့် တိုက်ရိုက်စကားပြောမည့် ထရန့်၏ချဉ်းကပ်နည်းသည် သမ္မတဂျိုးဘိုင်ဒင်ကျင့် သုံးနေသော ချဉ်းကပ်နည်းမှ ကြီးကြီးမားမား ခွဲထွက်မှုဖြစ်သည်။
ထရန့်သည် နိုဝင်ဘာ ၇ ရက်တွင် ရုရှားသမ္မတနှင့် ဖုန်းစကားပြောခဲ့သည်ဟု ၀ါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။ ပူတင်အနေဖြင့် အမှည့်ခြွေစစ်ပွဲကို မီးလောင်ရာ လေပင့်မလုပ်ရန် ထရန့်က ပြောကြားခဲ့သည် ဟု ဆိုသည်။
ဒီမိုကရက်ပြိုင်ဘက် ကာမလာဟဲရစ်ကို ရွေးကောက်ပွဲတွင် အနိုင်ရခဲ့့ပြီးနောက် ရက်ပိုင်းအတွင်းတွင် ထရန့်သည် ၎င်း၏ဖလော်ရီဒါအိမ်တော် မာရာလာဂိုမှနေ၍ ဥရောပ၌ အမေရိကန်၏ အတော်အတန် ကြီးမားသော စစ်ရေးခြေကုပ်ကို ပူတင်အားသတိပေးခဲ့သည်ဟု အောက်တိုဘာ ၂၀ ရက်တွင် ၀ါရှင် တန်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။
အပေးအယူတစ်ရပ်ကို လက်မှတ်ရေးထိုးရန် ထရန့်၏ လိုလားမှုသည် အပြုသဘောဆောင်သော အချက်ပြမှုများဖြစ်သည်ဟု စောစောပိုင်းတွင် ရုရှားအစိုးရက ပြောကြားခဲ့သည်။ ထရန့်သည် ယူကရိန်းစစ်ပွဲနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်အကြောင်းကို မကြာမီ ပိုမိုပြောဆိုဆွေးနွေးရန် ဆန္ဒရှိနေသည်ဟု လူအချို့က ၀ါရှင်တန်ပို့စ်သတင်းစာကို ပြောကြားခဲ့သည်။
ထရန့်သည် နိုဝင်ဘာ ၁၀ ရက်တွင် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်နှင့်လည်း ဖုန်းစကားပြောခဲ့ရာ ဥရောပ၌ ငြိမ်းချမ်းရေး ပြန်ရစေရေးအတွက် အတူတကွဆောင်ရွက်ရန် ၎င်းတို့နှစ်ဦးက သဘောတူခဲ့သည်ဟု ရှိုးလ် ၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားသည်။
ထရန့်သည် ဇန်နဝါရီအထိ သမ္မတရာထူးကို အပ်နှင်းခံရဦးမည် မဟုတ်ပေ။ လက်ရှိအချိန်တွင် စစ်မြေပြင်တွင်လည်းကောင်း၊ ကောင်းကင်တွင်လည်းကောင်း မြင်ရသော အရာများက ပဋိပက္ခ လျော့ကျသွားသည့် လက္ခဏာများကို ပြသခြင်းမရှိပေ။
ရုရှား လေကြောင်းတိုက်ခိုက်မှုများကြောင့် ယူကရိန်းတောင်ပိုင်းတွင် အနည်းဆုံး ငါးဦးသေဆုံးသွားခဲ့သည်ဟု နိုဝင်ဘာ ၁၁ ရက်တင် အာဏာပိုင်များက ပြောကြားခဲ့သည်။ ရုရှားနှင့်ယူကရိန်းတို့ ညအချိန်တွင် စံချိန်တင် ဒရုန်းတိုက်ခိုက်မှုများကို တစ်ဘက်နှင့်တစ်ဘက် လုပ်ဆောင်ခဲ့ကြပြီးနောက် တစ်ရက်အကြာတွင် ယူကရိန်းတောင်ပိုင်းကို ရုရှားက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Ref:AFP