■ ပြင်သစ်လီဂူးပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 8 November 2024

စထရာဘိုး - မိုနာကို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၁၀:၃၀ နာရီ)

စထရာဘိုးက အသင်းကောင်းတစ်သင်းဖြစ်ပြီး ဥရောပဝင်ခွင့်မျှော်လင့်နေတယ်။ အဝေးကွင်းပွဲတွေဆို စထရာဘိုးအသင်း အားနည်းသွားတတ်ပေမဲ့ သူတို့ရဲ့ အိမ်ကွင်းမာကျောမှုကတော့ ချီးကျူးစရာကောင်းပါတယ်။ မိုနာကိုက နောက်ဆုံး (၃)ပွဲဆက် အမှတ်လေလွင့်ခဲ့လို့ ရုန်းကန်လာမှာဖြစ်ပေမဲ့ စထရာဘိုးအသင်း သရေလောက်တော့ ရနိုင်တယ်။



လန်းစ် - နန့်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် နံနက် ၀၀:၃၀ နာရီ)

လန်းစ်က နောက်ဆုံး (၂)ပွဲဆက် ရှုံးပွဲတွေ့ခဲ့တာကြောင့် အဆင့် (၇)အထိဆင်းခဲ့ရတယ်။ နန့်စ်က သာမန်ထက် မပိုတဲ့ အသင်းပါ။ လန်းစ်ကို ကြိုက်တယ်။



အန်ဂါစ် - PSG (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် နံနက် ၂:၃၀ နာရီ)

အန်ဂါစ်က နောက်ဆုံး (၄)ပွဲဆက် ရလဒ်ကောင်းယူပြီး တန်းဆင်းဇုန်ရဲ့ အပေါ်ကို ပြန်ရောက်လာတယ်။ ဒါပေမဲ့ ယုံစားလို့တော့ မရသေးဘူး။ နောက်ဆုံးပွဲမှာ မိုနာကိုကို အန်ဂါစ်အသင်း အနိုင်ရခဲ့ပေမဲ့ ကံတရားရဲ့ ဖေးမမှုကိုလည်း ထည့်တွက်ရမယ်။ PSG ကတော့ ပြည်တွင်းမှာ ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဖြိုလှဲနိုင်တဲ့ အင်အားရှိတယ်။ PSG ဂိုးပြတ်နိုင်မယ်။

Most Read

Most Recent