ရွေးကောက်ပွဲရှုံးနိမ့်ပြီဖြစ်ကြောင်း ဟဲရစ်က ဝန်ခံခဲ့ပြီး သမ္မတအဖြစ်ရွေးကောက်ခံရသည့် ထရန့်ကို ဂုဏ်ပြုစကားပြောကြား

ရွေးကောက်ပွဲရှုံးနိမ့်ပြီဖြစ်ကြောင်း ဟဲရစ်က ဝန်ခံခဲ့ပြီး သမ္မတအဖြစ်ရွေးကောက်ခံရသည့် ထရန့်ကို ဂုဏ်ပြုစကားပြောကြား
Photo: AFP
Photo: AFP
Published 7 November 2024

အမေရိကန် ဒုသမ္မတ ကာမလာဟဲရစ်က သူသည် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရန့်ကို ဂုဏ်ပြု စကားပြောကြားခဲ့သည်။

“ကျွန်မ ဒီရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်ခံပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲကို အရှိန်မြင့်စေတဲ့ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်မှာတော့ အရေးမနိမ့်ခဲ့ပါဘူး”ဟု ဟဲရစ်က သူတက်ရောက်ခဲ့ဖူးသည့် ဟောင်းဝပ် တက္ကသိုလ်တွင် နိုဝင်ဘာ ၅ ရက်က ထောက်ခံသူများကို ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသမီးများ၏အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး လက်နက်ကိုင်အကြမ်းဖက်မှုကိုကို ဆန့်ကျင်ကာ လူသားအားလုံးအတွက် ထိုက်တန်သည့် ဂုဏ်သိက္ခာရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဟဲရစ်က ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့် ထရန့်ကိုဂုဏ်ပြုကြောင်းနှင့်ငြိမ်းချမ်း  စွာအာဏာ လွှဲပြောင်းပေးအပ်မှုတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟဲရစ်က ပြောကြားခဲ့သည်။

Ref;AFP

Most Read

Most Recent