အမေရိကန်နိုင်ငံကို ပြန်လည်ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဟု ထရန့် မိန့်ခွန်း ပြောကြား

အမေရိကန်နိုင်ငံကို ပြန်လည်ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဟု ထရန့် မိန့်ခွန်း ပြောကြား
Published 6 November 2024

အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံကို ပြန်လည်ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဟု ဖလောရီဒါပြည်နယ် West Palm ကမ်းခြေမြို့ရှိ West Palm Beach ကွန်ဗန်းရှင်းစင်တာတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ထရန့်သည် ရွေးကောက်ပွဲတွင် အနိုင်ရရန်သေချာခဲ့ပြီးနောက် ၎င်း၏ ထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော်သို့ ရောက်ရှိရန် ၎င်းနှင့် ၎င်းအားထောက်ခံသူများသည် သမိုင်းတစ်ခု ရေးသားခဲ့ကြောင်း ထရန့်က ပြောသည်။

"ဒီနေ့ညမှာတော့ ကျွန်တော်တို့ဟာ အကြောင်းပြချက်တစ်ခုအတွက် သမိုင်းတစ်ခုရေးသားခဲ့တာပါ။ အဲဒီအကြောင်းပြချက်က ကျွန်တော်တို့ဟာ အခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်ဖို့ဖြစ်ပြီး ဘယ်သူကမှ မဖြစ်နိုင်ဘူးထင်ထားတာကို ကျော်လွှားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့နိုင်ငံမှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ နိုင်ငံရေးအောင်ပွဲတစ်ခုဖြစ်ပါတယ်" ဟု ထရန့်က ပြောကြားခဲ့သည်။

ထို့ပြင် ထရန့်က အမေရိကန်နိုင်ငံကို ပြန်လည်ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent