■ ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 27 October 2024

■ ချယ်လ်ဆီး - နယူးကာဆယ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် ည ၈း၃၀)

ချယ်လ်ဆီးက ဒီရာသီမှာ တည်ငြိမ်မှုပြသနိုင်တဲ့ ခြေစွမ်းကိုပြဖို့ ရုန်းကန်နေရတယ်။ နိုင်ပွဲတွေဆက်တိုက် ယူခဲ့ပြီးတဲ့နောက်မှာ နော်တင်ဟမ်ကို သရေသာကစားနိုင်ခဲ့ပြီး လီဗာပူးလ်ကို ရှုံးခဲ့တယ်။ နှစ်ပွဲစလုံးမှာ အားနည်းချက်တွေရှိခဲ့တာကိုလည်း တွေ့ရတယ်။ ဒီရာသီချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာလည်း တော်တော်လေး အမှတ်လျော့နေတဲ့ အနေအထား ဖြစ်နေတယ်။ နယူးကာဆယ်ကိုယ်တိုင်လည်း ဒီရာသီမှာ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တယ်။ တိုက်စစ်မှာ လူမစုံတဲ့ ပြဿနာလည်း ရှိနေတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘရိုက်တန်ကို ရှုံးခဲ့ပြီး ဒီပွဲမှာ ပြသခဲ့တဲ့ခြေစွမ်းကလည်း အားရစရာမရှိဘူး။ ချယ်လ်ဆီးက ဒီပွဲမှာ ကူကူရယ်လာ၊ ဖိုဖာနာတို့ ပြန်ပါလာမှာဖြစ်လို့ ခံစစ်ပိုင်းက ပြန်အားကောင်းလာနိုင်တယ်။ ချယ်လ်ဆီးကို ကြိုက်တယ်။ 

■ ချယ်လ်ဆီးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်အိမ်ကွင်း (၄)ပွဲကစားထားရာတွင် (၁)ပွဲသာ အနိုင်ရရှိခဲ့သည်။

■ နယူးကာဆယ်အသင်း၏ ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲဆက် (၂)သင်းပေါင်းသွင်းဂိုးမှာ (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

■ ချယ်လ်ဆီးအသင်းသည် နယူးကာဆယ်အသင်းကို အိမ်ကွင်းတွင်လက်ခံကစားသည့် ပြိုင်ပွဲစုံနောက်ဆုံး (၁၃)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၁၂)ပွဲအထိ အနိုင်ရရှိခဲ့သလို၊ Clean Sheet ရယူနိုင်သည့်ပွဲအရေအတွက်မှာလည်း (၇)ပွဲအထိရှိခဲ့သည်။

■ ပဲလေ့စ် - စပါး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် ည ၈း၃၀)

ပဲလေ့စ်က လက်စတာနဲ့ မန်ယူနိုက်တက်တို့ကို သရေကျခဲ့ပြီးတဲ့နောက် အဲဗာတန်၊ လီဗာပူးလ်၊ နော်တင်ဟမ်တို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ Narrow Margin တွေနဲ့ ရှုံးခဲ့တာ ဖြစ်ပြီး ကစားပုံကလည်း တက်တော့တက်လာတယ်။ တိုက်စစ်က ရုန်းကန်နေရတာကို တွေ့ရတယ်။ စပါးက တိုက်စစ်ပိုင်းအရမ်းအားကောင်းနေတာတွေ့ရတယ်။ ဆွန်လည်း ပြန်ပါလာပြီး လူစုံနေတယ်။ စပါးကို ကြိုက်တယ်။ 

■ ဝက်စ်ဟမ်း - မန်ယူ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် ည ၈း၃၀)

ဝက်စ်ဟမ်းက တကယ့်ခြေရူးအသင်းလိုမျိုး ဖြစ်နေပြီး ကွင်းလယ်ကလည်း စိတ်မချရဘူး။ ခံစစ်မှာ ယူနိုက်တက်က စိတ်ဝင်စားဖူးတဲ့ တိုဒီဘိုပါလာပေမယ့် အားရစရာမဟုတ်သေးဘူး။ လက်ရှိ အချိန်မှာ မန်ယူနိုက်တက်က ဟွိုင်လန်းနဲ့အတူ တိုက်စစ်ပိုင်းကစားပုံက အားပါတယ်။ သပ်ရပ်မှုအပိုင်းမှာတော့ လိုအပ်နေသေးတယ်။ ဝက်စ်ဟမ်းကွင်းမှာတော့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်ကို ကြိုက်တယ်။ 

■ အာဆင်နယ် - လီဗာပူးလ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် ည ၁၁းဝ၀)

ဒီဘက်နှစ်တွေမှာ ပရီမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ပြီးနှစ်သင်းစလုံးက ပုံစံကောင်းလည်းပြနေကြတယ်။ အာဆင်နယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ခြုံကြည့်ရင် အားကောင်းနေဆဲပါ။ ဒီပွဲမှာ အာဆင်နယ်ရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အော်ဒီဂွါ၊ ဆာကာ၊ ဆာလီဘာတို့ မပါဝင်နိုင်တာက အာဆင်နယ်ရဲ့ ပွဲကြိုပြင်ဆင်မှုတွေကို အနှောင့်အယှက်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ခံစစ်ပိုင်းကတော့ အပြောင်းအလဲတွေနဲ့ ပြုပြင်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ လီဗာပူးလ်ကလည်း ဂျိုတာ ဒဏ်ရာရထားပေမယ့် တိုက်စစ်က ပြဿနာမရှိသလို ကျန်နေရာစုံမှာလည်း ကစားသမားအစုံအလင်ပါတယ်။ အစဉ်အလာအရ အာဆင်နယ်ကအိမ်ကွင်းမှာ ရလဒ်ကောင်းတွေရလာပေမယ့် ဒီရာသီလီဗာပူးလ်ရဲ့ခံစစ်ကို အာဆင်နယ်တိုက်စစ်ကျော်နိုင်ပါ့မလားစဉ်းစားရမယ်။ သရေကျသွားနိုင်တယ်။ 

■ အာဆင်နယ်အသင်းသည် ယခုရာသီပြိုင်ပွဲစုံအိမ်ကွင်း (၇)ပွဲကစားထားရာတွင် ရှုံးပွဲလုံးဝမရှိခဲ့ဘဲ (၆)ပွဲအနိုင်ရရှိခဲ့သလို၊ (၂)ဂိုးနှင့်အထက်သွင်း ယူနိုင်သည့်ပွဲအရေအတွက်မှာလည်း (၅)ပွဲရှိခဲ့သည်။ 

■ လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး (၁၁)ပွဲတွင် (၁)ပွဲသာ ရှုံးနိမ့်ခဲ့ပြီး (၇)ပွဲအနိုင်ရရှိခဲ့သည်။

■ ယင်း(၂)သင်းတွေ့ဆုံသည့် ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။

Most Read

Most Recent