ပြည်ပမှ ယဉ်ကျေးမှုများ ထိုးဖောက်ဝင် ရောက်လာနေမှုကို အမျိုးသားရေးအမြင့်ဖြင့် ရှုမြင်ကြရမည်ဖြစ်ပြီး အန္တရာယ်ရှိသည်ကို သတိထားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၊ ညီလာခံခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တက် ရောက်အမှာစကားပြောကြားရာတွင် နစက ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ် သည်။
နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု (National Culture)၊ အမျိုးသားရေးစိတ် ဓာတ် (National Spirit) နှင့် တန်ဖိုးထားမှု စနစ် (Value System) များသည် ဒေသတစ် ခု၏ အချုပ်အနှောင်မဲ့ တိုးတက်မှု (Indepen -dent Development) အတွက် လွန်စွာအ ရေးပါသည့် အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပမှ ယဉ် ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေမှုများကို အမျိုးသားရေးအမြင်ဖြင့် ရှုမြင်ကြရ မည်ဖြစ်ပြီး အန္တရာယ်ရှိသည်ကို သတိထား ကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် အဆိုပါ အန္တရာယ်များကို ထိထိရောက်ရောက် ခုခံတွန်းလှန်နိုင်မည့် မျက်နှာစာတစ်ခုဖြစ်သည့် ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်မှ မြန်မာ့မူ၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များကို ဆက် လက်ပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအ တွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း နစကဥက္ကဋ္ဌက ဆက်လက်ပြောကြား သည်။
ထို့ပြင် မိမိနိုင်ငံ၊ မိမိလူမျိုး၏ အနာ ဂတ်ကို အမျိုးသားရေး အကျိုးစီးပွားဖြစ် ထွန်းနိုင်မှု လမ်းကြောင်းမှန်ပေါ် တည့်မတ် မြဲမြံ ခိုင်မာစွာ ရပ်တည်နိုင်စေရေးအတွက် အနုပညာစွမ်းပကားဖြင့် ဆက်လက်ထိန်း သိမ်း ကာကွယ်စောင့်ရှောက်သွားကြပါဟု အနုပညာရှင်ကြီးများနှင့်အတူ မျိုးဆက်သစ် အနုပညာရှင်များ အားလုံးကို အလေးထားတိုက်တွန်းမှာကြားလိုကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ယခုကျင်းပပြီးစီးခဲ့သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင် ပွဲကြီးသည် ပြိုင်ပွဲကာလ ရက်သတ္တတစ်ပတ် မျှသာ ကြာမြင့်ခဲ့သော်လည်း ပြိုင်ပွဲကြီးမှနေ ၍ အမျိုးသားရေးအနှစ်သာရနှင့် အဓိပ္ပာယ် များစွာကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ တို တောင်းလှသည့် ကာလအတွင်း၌ မြန်မာ့အနု သုခုမ၏ ယဉ်ကျေးသိမ်မွေ့သည့် ပညာ အဆီ အနှစ်များ၊ မြန်မာ့ဓလေ့စရိုက် ထုံးတမ်းစဉ် လာများနှင့် မြန်မာ့လူမှုအဖွဲ့အစည်း၏ တွေး ခေါ်မြော်မြင်မှု အခြေခံသဘောတရားများကို မြန်မာ့အနုပညာစွမ်းအားများဖြင့် ပီပီပြင်ပြင် ဖော်ညွှန်းပြသနိုင်ခဲ့ခြင်းသည် မြန်မာလူမျိုး တိုင်းအတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာဖြစ် ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာလူမျိုးများသည် သမိုင်းအဆက် ဆက်တွင် ယဉ်ကျေးမှု အနုပညာရပ်များကို ဖျော်ဖြေရေးသက်သက်အဖြစ်သာ ရှုမြင်ခံစား ခဲ့ကြခြင်းမဟုတ်ဘဲ လူမှုဖွံ့ဖြိုးမှုကို တိုက်ရိုက် အထောက်အကူပြုနိုင်သည့် အမျိုးသားရေး အမွေအနှစ်များအဖြစ် အလေးထားပြီး အမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက် ပြုစုပျိုး ထောင်လာခဲ့ကြခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ က ပြောကြားသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ရုပ်သေးသဘင် နှင့် ဇာတ်တော်ကြီး ယှဉ်ပြိုင်တင်ဆက်မှုများ သည် အစဉ်အလာကြီးမားပြီး ခမ်းနားထည်ဝါ ခဲ့သည့် မြန်မာ့ရုပ်သေးသဘင်နှင့် ဇာတ် သဘင်တို့၏ တန်ဖိုးနှင့် အနှစ်သာရ ပေါ်လွင် အောင် ကြိုးစားဖော်ထုတ် ယှဉ်ပြိုင်တင်ဆက် နိုင်ခဲ့ကြသည်ကို အားရကျေနပ်ဖွယ်တွေ့မြင် ရကြောင်း နစကဥက္က၏က ပြောကြားသည်။
အထူးသဖြင့် ရှေးခေတ်ဂီတစာဆိုကြီး များ သီကုံးစပ်ဆိုခဲ့သည့်တေးဂီတနှင့် သီချင်း များကို မျိုးဆက်သစ်လူငယ်များက စိတ်အား ထက်သန်စွာ သီဆိုတီးမှုတ်နေကြသည်ကို တွေ့မြင်ကြားသိရခြင်းသည် အမျိုးသားရေး အားမာန် တက်ကြွစေသည့် မြင်ကွင်းများပင် ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြား သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို နှစ်စဉ်မပြတ် တစ်ဆင့်ပြီး တစ်ဆင့် အရည်အသွေးနှင့် အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာအောင် စနစ်တကျ စီမံအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း ယခုအခါ မြန်မာ့ယဉ်ကျေး မှု အနုပညာရပ်များ၏ စွမ်းရည်နှင့် တန်ဖိုးကို မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်မျိုး သားလုံး၏ ရင်ထဲ၌ စွဲထင်ကိန်းအောင်းလာ စေခဲ့ပြီး အမျိုးသားရေး ကိုယ်ခံစွမ်းအားများကို တတ်နိုင်သည့်ဘက်က မြှင့်တင်ပေးနိုင်ခဲ့ပြီ ဟု ဆိုနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
အနုပညာရှင်များအနေဖြင့် ပြည်ထောင် စုမြန်မာနိုင်ငံတော်ကြီး နိုင်ငံတကာအလယ် တွင် ဝင့်ဝင့်ထည်ထည်နှင့် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲစေရန်အတွက် မြန်မာလူမျိုးတို့ ၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ နှင့် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာ များ ဆက်လက်ရှင်သန်ထွန်းကားနေအောင် စွမ်းဆောင်ပေးကြရန်၊ နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန် မာ့ရိုးရာယဉ်ကျေးမှု အနုပညာစစ်စစ်ကို မြတ်နိုးထိန်းသိမ်းရင်း မြန်မာတို့၏ အမျိုး ဂုဏ်၊ ဇာတိဂုဏ် အစဉ်ထာဝရနိုးကြားရှင် သန်နေစေရန် အနုပညာစွမ်းပကားဖြင့် ပူး ပေါင်းပါဝင်ပေးကြရန်၊ တိုင်းတစ်ပါးယဉ် ကျေးမှု ထိုးဖောက် ဝင်ရောက်မှုအန္တရာယ်ကို တားဆီးကာကွယ်နိုင်စေရန် အနုပညာစွမ်းပ ကားဖြင့် ဆောင်ရွက်ပေးကြရန် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က အဆိုပါအခမ်းအနားတွင် တိုက်တွန်းခဲ့သည်။