အီလွန်မက်စ်က အဆုံးအဖြတ် ပြည်နယ်များတွင် မှတ်ပုံတင်သော မဲဆန္ဒရှင်တစ်ဦးကို တစ်နေ့ ဒေါ်လာ တစ် သန်း မဲဖောက်ပေးမည်

အီလွန်မက်စ်က အဆုံးအဖြတ် ပြည်နယ်များတွင် မှတ်ပုံတင်သော မဲဆန္ဒရှင်တစ်ဦးကို တစ်နေ့ ဒေါ်လာ တစ် သန်း မဲဖောက်ပေးမည်
Published 22 October 2024

နည်းပညာ ဘီလျံနာ အီလွန်မက်စ်က ၎င်းသည် အဆုံးအဖြတ်ပေးသော ပြည်နယ်များတွင် မှတ်ပုံတင်ထားသော မဲဆန္ဒရှင်တစ်ဦးကို နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲအထိ တစ်နေ့ကို အမေရိကန် ဒေါ်လာတစ်သန်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းမှုကို အထောက်အပံ့ပေးရန် အီလွန်မက်စ် ဖွဲ့စည်းထားသော America PAC အုပ်စုအတွက် လက်မှတ်ရေးထိုးထား သူများထဲမှ ဒေါ်လာတစ်သန်းပေါက်သူကို ကျပန်းရွေးချယ်မည်ဖြစ်သည်။

ယင်းသို့လုပ်ဆောင်ခြင်း၏တရားဝင်မှုနှင့်စပ်လျဉ်း၍ မေးခွန်းများ ပေါ်ပေါက်လျက်ရှိသည်။

ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟဲရစ်၏စည်းရုံးရေးအဖွဲ့က အဆိုပါပြိုင်ပွဲနှင့်ပတ်သက်၍ မှတ်ချက်ပေးခြင်းမရှိသော်လည်း ထိုကိစ္စသည် တရားဥပဒေထိန်းသိမ်းရေးအဖွဲ့က စုံစမ်းသင့်သည့်အရာ ဖြစ်ကြောင်း ပင်ဆဲလ်ဗေးနီးယားပြည်နယ်၏ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူး ဂျော့ရှ်ရှာပီရိုက NBC ၏ Meet the Press အစီအစဉ်ကို ပြောကြားခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အီလွန်မက် အဆိုပါပြိုင်ပွဲက အောက်တိုဘာ ၁၉ ရက်တွင် ပင်ဆဲလ်ဗေးနီးယားပြည်နယ်၌  ကြေညာခဲ့ ခြင်းဖြစ်သည်။ ပင်ဆဲလ်ဗေးနီးယားပြည်နယ်သည် ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသော ပြည်နယ် ခုနစ်ခုထဲ တစ်ခု ဖြစ်သည်။

ပွဲဝင်ကို ဝင်ရောက်သူများသည် လွတ်လပ်စွာပြောဆိုခွင့်နှင့် လက်နက်ကိုင် ဆောင်ခွင့်တို့ကို ထောက်ခံရန် တရားဝင် လျှောက်လွှာကို လက်မှတ်ရေးထိုးရန် လိုအပ်သည်ဟု အီလွန်မက်စ်က ဆိုရှယ်မီဒီယာ X တွင် ရေးသားခဲ့သည်။

ပါဝင်ယှဉ်ပြိုင်ရန် အလို့ငှာ ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသောပြည်နယ် များတွင် တင်ထားရမည်ဟူသော လိုအပ်ချက်ကြောင့် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် အခက်အခဲရှိနေသည်။

“အဲဒီပြိုင်ပွဲဟာ တရားရေးဌာနက တရားမရေးရာ ဒါမှမဟုတ် ပြစ်မှုရေးရာတို့ နဲ့သက်ရောက်မယ့် အနေအထားဖြစ်နိုင်ပါ တယ်” ဟု ရွေးကောက်ပွဲဥပဒေကျွမ်းကျင်သူ ဒန်နီရယ်လန်းက ပြောကြားသည်။ ဒန်နီရယ်လန်းသည် ဂျော့တောင်း ဥပဒေကျောင်း၌ ပါမောက္ခအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

“ငွေကိုလက်ခံရရှိသူတွေဟာ မဲပေးမယ့် သူတွေအဖြစ် မှတ်ပုံတင်ထားတဲ့ အခြေအနေ မှာ အဲဒီလူတွေကို ငွေပေးတာဟာ တရားမဝင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒေါ်လာတစ်သန်းပေါက်ဖို့ ဒီပြိုင်ပွဲရဲ့ လိုအပ်ချက်တွေအရ မဲပေါက်သူဟာ အဆုံး အဖြတ်ပေးတဲ့ ပြည်နယ်ခုနစ်ခုထဲက ပြည် နယ်တစ်ခုမှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီကမ်းလှမ်းချက် ဟာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်နေပါ တယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

ထိုပြိုင်ပွဲသည် ဥပဒေနှင့်ငြိစွန်းနေသည် ဟု လော့အိန်းဂျလိစ် ဥပဒေကျောင်းဖြစ်သော ကယ်လီဖိုးနီးယားတက္ကသိုလ်၌ နိုင်ငံရေး ပါမောက္ခအဖြစ်ဆောင်ရွက်နေသော ရစ်ဟန်ဆန်က ပြောကြားခဲ့သည်။

မဲပေးရန် မှတ်ပုံတင်ခြင်းအတွက် ငွေပေးသူ သို့မဟုတ် ငွေပေးရန် ကမ်းလှမ်း သူ သို့မဟုတ် ယင်းငွေကို လက်ခံသူ မည်သူ့ ကိုမဆို တားမြစ်ထားသည်ဟု ဆိုသည်။ ပြစ် ဒဏ်မှာ အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်ငါးနှစ်အထိ ကျခံရမည့် ပြစ်ဒဏ်တို့ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

“အီလွန်မက်စ်က ပြတ်ပြတ်သားသား အဖြေမထွက်တဲ့နေရာတွေမှာ လုပ်တာဖြစ်ပါတယ်”ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဘရက်ဆမစ်က နယူးယောက်တိုင်း (မ်)သတင်းစာကို ပြောကြားခဲ့သည်။

မက်စ်သည် တိုက်ရိုက် မှတ်ပုံတင်သူများကို ပေးခြင်းမဟုတ်ဘဲ လျှောက်လွှာကို လက်မှတ်ရေးထိုးသူများကို ပေးခြင်းဖြစ်၍ ထိုအချက်က အဆင်ပြေသည်ဟု ၎င်းက ပြောကြားခဲ့သည်။                                

Ref: BBC, AFP

         

Most Read

Most Recent