မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၃ ဒသမ ၂ သန်းကျော်ရှိသည့်အနက် ရာခိုင်နှုန်း ၄၀ နီးပါးသည် ကလေးငယ်များဖြစ်ကြောင်း Unicef ထုတ်ပြန်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၃ ဒသမ ၂ သန်းကျော်ရှိသည့်အနက် ရာခိုင်နှုန်း ၄၀ နီးပါးသည် ကလေးငယ်များဖြစ်ကြောင်း Unicef ထုတ်ပြန်
Published 20 October 2024

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ နှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ သုံးသန်းကျော်ရှိသည့်အနက် ရာခိုင် နှုန်း ၄၀ နီးပါးသည် ကလေးငယ်များဖြစ် ကြောင်း UNICEF က ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်တွင် အကူအညီလိုအပ်နေ သော နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သည့် လူပေါင်း ၁၈ ဒသမ ၆ သန်းအနက် အနည်း ဆုံး ခြောက်သန်းသည် ကလေးသူငယ်များဖြစ် ပြီး မသေချာမရေရာသောအနာဂတ်ကို ရင် ဆိုင်နေရကြောင်း  UNICEF ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ ကလေးများသည် ကြီး ထွားလာသော ပဋိပက္ခ၊ မလုံခြုံမှု၊ အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာတိမ်းရှောင်မှု၊ ဆင်းရဲ နွမ်းပါးမှု၊ ကျန်းမာရေးနှင့် ပညာရေးအပါ အဝင် အရေးကြီးသော ဝန်ဆောင်မှုများ ပြတ် တောက်ခြင်းတို့ကြောင့် ၎င်းင်းတို့၏ ကောင်း ကျိုးသုခ၊ အနာဂတ်နှင့် ရှင်သန်မှုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုများကို ရင်ဆိုင် နေရကြောင်း UNICEF က ဆိုသည်။

နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ လျင် မြန်စွာ မြင့်တက်လာခြင်းနှင့်အတူ မြန်မာ နိုင်ငံရှိ ကလေးသူငယ်များသည် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော တိုက်ခိုက်မှုများ၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများက အတင်း အကျပ်လူသစ်စုဆောင်းခြင်းနှင့် အသုံးပြု ခြင်း၊ အသက်မပြည့်မီ/အတင်းအကျပ် လက် ထပ်စေခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် ထိန်းသိမ်းခံ ရခြင်း၊ အလွဲသုံးစားပြုခံရခြင်းနှင့် အရေးပါ သော ဝန်ဆောင်မှုများကို လက်လှမ်းမီ မရရှိ နိုင်ခြင်းကဲ့သို့သော ဆိုးရွားသည့် အန္တရာယ် များကို ရင်ဆိုင်နေရကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေ ရသော ကလေးသူငယ်များ တိုးပွားလာခြင်း၊ ပညာရေးဆုံးရှုံးခြင်းနှင့် ကာကွယ်ဆေးဖြင့် တားဆီးနိုင်သော ရောဂါများအတွက် အရေး ပါသော ကာကွယ်ဆေးထိုးနှံမှု မရရှိခြင်းတို့က လည်း နိုင်ငံ၏အနာဂတ်ကောင်းကျိုးနှင့် စီးပွားရေးကုန်ထုတ်စွမ်းအားကို သိသိသာ သာ ခြိမ်းခြောက်နေကြောင်း UNICEF က ထောက်ပြထားသည်။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၊ မလုံခြုံ မှု၊ စီးပွားရေးကျဆင်းမှု ၊ ငွေကြေးဖောင်းပွမှု၊ နေရပ်စွန့်ခွာမှုနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ အကန့်အသတ်ရှိခြင်းတို့ ကြောင့် အခြေခံလိုအပ်ချက်များကို ဖြည့် ဆည်းရန် ရုန်းကန်နေရသော မိသားစုအများ အပြားရှိသည့်အတွက် မြန်မာနိုင်ငံရှိ ကလေး ငယ်များ၏ ၅၅ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါး မှုဒဏ်ကို ခံစားနေရကြောင်း UNICEF က ဆိုသည်။

မြန်မာနိုင်ငံရှိ ကလေးများ၏ အနာဂတ် ကို ကာကွယ်ရန်အတွက် ကာကွယ်စောင့် ရှောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အာဟာရ နှင့် ရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သန့် ရှင်းရေးအထောက်အပံ့များ အဆောတလျင် လိုအပ်နေပြီး ရေရှည်အတွက်လည်း လိုအပ် လျက်ရှိကြောင်း  UNICEF ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

Most Read

Most Recent