တူရကီကလပ် အလန်ယာစပေါ်အသင်းတွင် ကစားနေသည့် ကိုရီးယားတိုက်စစ်မှူး ဟွမ်ယူအီဂျို ညစ်ညမ်းဗီဒီယို ခိုးရိုက်သဖြင့် ထောင်ဒဏ်လေးနှစ် ကျခံရဖွယ်ရှိ

တူရကီကလပ် အလန်ယာစပေါ်အသင်းတွင် ကစားနေသည့် ကိုရီးယားတိုက်စစ်မှူး ဟွမ်ယူအီဂျို ညစ်ညမ်းဗီဒီယို ခိုးရိုက်သဖြင့် ထောင်ဒဏ်လေးနှစ် ကျခံရဖွယ်ရှိ
Photo: OkDiario
Photo: OkDiario
Published 19 October 2024

 

တူရကီကလပ် အလန်ယာစပေါ်အသင်းတွင် ကစားနေသည့် တောင်ကိုရီးယားလက် ရွေးစင်တိုက်စစ်မှူး ဟွမ်ယူအီဂျိုသည် ညစ်ညမ်းဗီဒီယိုခိုးရိုက်သဖြင့် ထောင်ဒဏ်လေးနှစ် ကျခံရဖွယ်ရှိနေကြောင်း သိရသည်။

ဟွမ်ယူအီဂျို (၃၂ နှစ်) သည် ၂၀၂၂ ခုနှစ် ဇွန်လမှ စက်တင်ဘာလအတွင်း အမျိုးသမီးအဖော်နှစ်ဦးနှင့် လိင်ဆက်ဆံမှုပြုလုပ်သည့်ဗီဒီယိုကို ၎င်းတို့၏ခွင့်ပြုချက်မရဘဲ လေးကြိမ်ရိုက်ကူးခဲ့သဖြင့် အောက်တိုဘာ ၁၆ ရက်က ဆိုးလ်မြို့ရှိ တရားရုံး၌ ပထမဆုံး အကြိမ် ကြားနာစစ်ဆေးမှုခံယူခဲ့ရသည်။ 

အဆိုပါဗီဒီယိုဖိုင်များမှာ ဟွမ်အူဂျို၏ခယ်မဖြစ်သူက ခြိမ်းခြောက်ပြီး လူမှုကွန်ရက်ပေါ် တင်ရှိခဲ့သောကြောင့် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လတွင် ဟွမ်ယူအီဂျို၏ခယ်မဖြစ်သူက ငွေညှစ်ရန် ကြိုးပမ်း၍ ယင်းဗီဒီယိုများကို လူမှုမီဒီယာတွင် ဖြန့်ဝေခဲ့သောကြောင့် ၎င်းက တရားစွဲဆိုရာ အနိုင်ရခဲ့ပြီး ယင်းအမျိုးသမီးမှာ ထောင်ဒဏ် သုံးနှစ် ကျခံထားရသည်။

ဟွမ်အူဂျို(၃၁ နှစ်)အနေဖြင့် ယင်းဗီဒီယိုများ ခိုးရိုက်ခဲ့မှုအတွက် စွဲချက်တင်ခံထားရပြီး ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က စတင်အမှုရင်ဆိုင်ခဲ့ရသည်။ ၎င်းက ချစ်သူမိန်းကလေးများ မသိရှိဘဲ လိင်ဗီဒီယိုများ ရိုက်ကူးမှုအတွက် နစ်နာခဲ့သူများအား ပြန်လည်တောင်းပန်ခဲ့သည်။ 

သို့သော် ၎င်းအနေဖြင့် ကာယကံရှင်များ၏ ခွင့်ပြုချက်မရဘဲ ရိုက်ကူးခဲ့သောကြောင့် ထောင်ဒဏ် လေးနှစ် ကျခံရဖွယ်ရှိနေခြင်းဖြစ်သည်။

Most Read

Most Recent