မြန်မာနှင့်တရုတ်တို့သည် ကမ္ဘာပေါ်တွင် အင်တာနက်လွတ်လပ်ခွင့်အနည်းဆုံးနိုင်ငံများဖြစ်သည်ဟု Freedom House ၏လေ့လာချက်တွင် ဖော်ပြ

မြန်မာနှင့်တရုတ်တို့သည် ကမ္ဘာပေါ်တွင် အင်တာနက်လွတ်လပ်ခွင့်အနည်းဆုံးနိုင်ငံများဖြစ်သည်ဟု Freedom House ၏လေ့လာချက်တွင် ဖော်ပြ
photo-getty image
photo-getty image
Published 18 October 2024

မြန်မာနှင့်တရုတ်တို့သည် ကမ္ဘာ့အညံ့ ဆုံး အင်တာနက်လွတ်လပ်ခွင့်ရှိသည့်နိုင်ငံ များဖြစ်ပြီး ယင်းသို့ အင်တာနက်လွတ်လပ် ခွင့်အညံ့ဆုံးနိုင်ငံများထဲတွင် ကာဂျစ္စတန်က ဦးဆောင်နေသည်ဟု လေ့လာချက်တစ်ခုက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာ ဏာလွှဲပြောင်းယူခဲ့သော မြန်မာနိုင်ငံသည် အမှတ်အနည်းဆုံးနိုင်ငံများတွင် တရုတ်နှင့် အမှတ်တူသည့်  ပထမဆုံးနိုင်ငံဖြစ်လာဟု Freedom House ကလုပ်သော Freedom House on the Net ၏လေ့လာချက်တွင် ဖော်ပြထားသည်။

အင်တာနက် လွတ်လပ်မှုသည် တစ် ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ၁၄ နှစ် ဆက်တိုက် ကျဆင်းသွားသည်ကို တွေ့ရကြောင်းအမေရိကန်ကွန်ဂရက်က ငွေကြေးပံ့ပိုးပေးထားသော ဒီမိုကရေစီလိုလားသည့် သုတေသနအုပ်စုဖြစ်သော်လည်း သီးခြားလွတ်လပ်စွာ ရပ်တည်နေသော Freedom House ၏အစီရင်ခံစာတွင် ဖော်ပြထားပြီး နောက်ထပ်နိုင်ငံအများအပြား၌ အင်တာနက် လွတ်လပ်ခွင့်သည် တိုးလာခြင်းဆိုသည်ထက် ကျဆင်းမှုများရှိနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် နစကသည် စနစ်တကျ ဆင်ဆာလုပ်ခြင်းနှင့် အွန်လိုင်းတွင် ပြောဆိုမှုများကို စောင့်ကြည့်ခြင်းတို့ရှိနေသည်ဟု ဆိုသည်။

မြန်မာပြည်သူများက အင်တာနက်ထိန်းချုပ်မှုများကိုကျော်၍ကြည့်ရန် အသုံးပြုသော VPN တို့ကို နစကက မေလတွင်ပိတ်ပင် သော အစီအမံသစ်များကို Freedom House က ထောက်ပြခဲ့သည်။

တရုတ်သည် အာဏာရ ကွန်မြူနစ်ပါ တီကို ခြိမ်းခြောက်နေသော အကြောင်းအ ရာများကို အမြစ်ပြတ်ရှင်းရန် ရည်ရွယ်သည့် အနေဖြင့် fireware ကို ဖန်တီးထားသည်ဟု ဆိုသည်။

အောက်တိုဘာ ၁၆ ရက် လေ့လာချက် နှင့်စပ်လျဉ်း၍ မေးမြန်းသည့်အခါ တရုတ်က ၎င်းင်း၏ ပြည်သူမျာသည်  ဥပဒေနှင့်အညီ  အခွင့်အရေးအမျိုးမျိုးနှင့် လွတ်လပ်ခွင့်များကို  သဘောကျသည်ဟု ဖြေကြားခဲ့သည်။

“အဲဒီထုတ်ပြန်ချက်ကတော့ လုံးလုံး  အခြေအမြစ်မရှိဘူးလို့ထင်ပါတယ်။ ဖုံးကွယ် ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ထားတာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရအမျိုးသမီး မော်နင်းက ပြောကြားခဲ့ သည်။

အင်တာနက်လွတ်လပ်ခွင့် အဆိုးရွား ဆုံးကျဆင်းသွားသော နိုင်ငံမှာ ကာဂျစ္စတန် နိုင်ငံဖြစ်သည်ဟု လေ့လာချက်တွင် ဖော်ပြ ထားသည်။ အဇာဘိုင်ဂျန်၊ အီရတ်တို့သည်  အင်တာနက်လွတ်လပ်ခွင့်ကျဆင်းသော နိုင်ငံများထဲတွင်ပါဝင်နေသည်။

အင်တာနက်လွတ်လပ်ခွင့်အများဆုံး ရသောနိုင်ငံများထဲတွင် ဇင်ဘာဘွေပါဝင်လာခဲ့သည်။ အွန်လိုင်း လွတ်လပ်ခွင့်အရှိဆုံး နိုင် ငံသည် အိုက်စလန်ဖြစ်ပြီး ၎င်း၏နောက်တွင် အက်စတိုးနီးယား၊ ကနေဒါ၊ ချီလီ၊ကော် စတာရီကာတို့ အသီးသီးလိုက်နေသည်။

Ref;AFP