ဖီဖာ၏ နိုင်ငံတကာဘောလုံးပြက္ခဒိန်နှင့်ပတ်သက်၍ FIFPro ၊ ဥရောပလိဂ်ပြိုင်ပွဲများ အဖွဲ့အစည်းနှင့် လာလီဂါအဖွဲ့ချုပ်တို့ပူးပေါင်း၍ ဥရောပကော်မရှင်ထံ တိုင်ကြားမှု ပြုလုပ်

ဖီဖာ၏ နိုင်ငံတကာဘောလုံးပြက္ခဒိန်နှင့်ပတ်သက်၍ FIFPro ၊ ဥရောပလိဂ်ပြိုင်ပွဲများ အဖွဲ့အစည်းနှင့် လာလီဂါအဖွဲ့ချုပ်တို့ပူးပေါင်း၍ ဥရောပကော်မရှင်ထံ တိုင်ကြားမှု ပြုလုပ်
Photo: X
Photo: X
Published 16 October 2024

 

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (FIFPro ၊ ဥရောပလိဂ်ပြိုင်ပွဲများအဖွဲ့အစည်းနှင့် လာလီဂါ အဖွဲ့ချုပ်တို့သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ နိုင်ငံတကာဘောလုံးပြက္ခဒိန်နှင့်ပတ်သက်၍ ဥရောပကော်မရှင်ထံ ပူးပေါင်းတိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖီဖာသည် ကစားသမားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ပြိုင်ပွဲအသစ်များ ဖော်ဆောင်ခြင်း၊ ပြိုင်ပွဲဝင်အသင်း အရေအတွက် တိုးမြှင့်ခြင်းများ လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အဓိကဦးတည်သည်မှာ လာမည့် ၂၀၂၅ ခုနှစ်တွင် အသင်းအရေအတွက် (၃၂)သင်း ပါဝင်သည့်ပြိုင်ပွဲအဖြစ် တိုးချဲ့ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ကြောင်း သိရသည်။ 

ဖီဖာက (၄)နှစ်တစ်ကြိမ်သာ ကျင်းပမည့် အဆိုပါပြိုင်ပွဲမှာ ကလပ်အသင်းတစ်သင်းအနေဖြင့် အများဆုံး (၇)ပွဲသာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည့်အတွက် ကစားသမားများအပေါ် ထိခိုက်မှုသိပ်မရှိနိုင်ဟု သုံးသပ်ထားသော်လည်း ကစားသမားများကမူ ယင်းပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်ရန်ပင် စီစဉ်နေကြောင်း သိရသည်။ 

ကစားသမားအများစုက ဖီဖာ၏ နိုင်ငံတကာဘောလုံးပြက္ခဒိန်ကြောင့် အနားယူချိန်နည်းပါးလာပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုစလုံးတွင် ထိခိုက်မှုများရှိလာကြောင်း ဝေဖန်ပြစ်တင်ခဲ့ကြသည်။ သို့သော် ဖီဖာက ဝေဖန်ပြစ်တင်မှုများကို လျစ်လျူရှုကာ ရှေ့ဆက်နေသည့်အတွက် FIFPro ၊ ဥရောပလိဂ်ပြိုင်ပွဲများအဖွဲ့အစည်းနှင့် လာလီဂါအဖွဲ့ချုပ်တို့က ဥရောပကော်မရှင်ထံ တရားဝင်တိုင်ကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥရောပလိဂ်ပြိုင်ပွဲများအဖွဲ့အစည်းတွင် ဥရောပတစ်လွှားမှ လိဂ်ပြိုင်ပွဲ (၃၇)ခုပါဝင်သော်လည်း လာလီဂါအဖွဲ့ချုပ် ပါဝင်ခြင်းမရှိသည့်အတွက် ၎င်းတို့က သီးသန့်ပူးပေါင်းခြင်းဖြစ်ကြောင်း သိရသည်။ ယခုတိုင်ကြားမှုနှင့်ပတ်သက်၍ လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က "ဒီနေ့က ဘောလုံးလောကရဲ့ အရေးအပါဆုံးနေ့တွေထဲက တစ်နေ့ပါ။ ကျွန်တော့်အတွက်တော့ ဘောလုံးလောကမှာ သမိုင်းဝင်နေ့ရက် နှစ်ရက်ရှိပါ တယ်။ တစ်ရက်က ၂၀၁၉ ခုနှစ်မှာ စူပါလိဂ်ပြန်တည်ထောင်မယ့် အစီအစဉ်ကို ရပ်တန့်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။ 

ဖီဖာကမူ ၎င်းတို့စီစဉ်သည့် ပြိုင်ပွဲများမှာ ထိပ်တန်းကလပ်အသင်းများအတွက် တစ်နှစ်အတွင်း ယှဉ်ပြိုင်ကစားနေရသည့် ပွဲစဉ်များ၏ (၁%)သာရှိသည်ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent