MAI လေကြောင်းလိုင်း၏ လုပ်သက်ရင့်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်ပညာရေး၊ လူထုအကျိုးပြုလုပ်ငန်း နှင့်စပ်လျဉ်းသည့် အစီအစဉ်သစ်များအား မိတ်ဆက်ခြင်းအခမ်းအနားပြုလုပ်

MAI လေကြောင်းလိုင်း၏ လုပ်သက်ရင့်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်ပညာရေး၊ လူထုအကျိုးပြုလုပ်ငန်း နှင့်စပ်လျဉ်းသည့် အစီအစဉ်သစ်များအား မိတ်ဆက်ခြင်းအခမ်းအနားပြုလုပ်
Published 14 October 2024

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)သည် ဝန်ထမ်းအရင်းအမြစ်နှင့်ကုမ္ပဏီ၏စံနှုန်းများအား အထူးအလေးထားမြင့်တင်ရန်အပြင် လူထုအကျိုးပြုဆောင်ရွက်သွားမည့် အစီအစဉ်သစ်များကို မိတ်ဆက်ရန်နှင့် ၄င်း၏လုပ်သက်ရင့်ဝန်ထမ်းများကို ဂုဏ်ပြုရန်အတွက် “Embracing Culture,Recognizing People , Supporting Communities’’ဆိုသည့်အခမ်းအနားကို အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် MAI Management အဖွဲ့မှ တာဝန်ရှိလူကြီးများမှ MAI လေကြာင်းလိုင်း၏ တိုးတက်  အောင်မြင်မှုများတွင် ဝန်ထမ်းများသည် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ကြောင်းကို အလေးပေး ပြောကြားခဲ့ပြီး လေကြောင်းလိုင်း၏ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေးနှင့်မိမိတို့ဝန်ထမ်းများ၏ လုပ်ငန်း ဆိုင်ရာ အရည်အသွေးများဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်သွားမည့် အစီအစဉ်များအကြောင်းကို ပြောကြားခဲ့သည်။

MAI လေကြောင်းလိုင်းသည် အနာဂတ်တွင် ကျွမ်းကျင်သူများဖြစ်လာမည့် အဖိုးတန်လူငယ်များအား ပျိုးထောင်မည့် MAI Foundation အစီအစဉ်အောက်တွင် M Hospitality & Tourism Institute (MHT)နှင့်ပူးပေါင်း၍ Airliner Ground Internship Program (MAGIP) အား စတင်အကောင်အထည်ဖော်ရန် သဘော တူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါအစီအစဉ်သည် MHTI ကျောင်းသားကျောင်းသူများအား လေကြောင်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် တန်ဖိုးမဖြတ်နိုင်သည့်လုပ်ငန်းအတွေ့အကြုံများစွာကို လက်တွေ့လေ့လာ သင်ယူနိုင်မည်ဖြစ်ပြီး ထိုမှတဆင့် လေကြောင်းလုပ်ငန်းနှင့်ခရီးသွားလုပ်ငန်းကဏ္ဍတို့၏ အနာဂတ်အား ထူးချွန်သည့် လူငယ်များစွာဖြင့် ပိုမိုတိုးတက် တောက် ပြောင်စေနိုင်မည်ဖြစ်သည်။

ထို့ပြင် MAI ၏ လူထုအကျိုးပြုလုပ်ငန်းစဉ်များထဲမှတစ်ခုဖြစ်သည့် MAI We Care အစီအစဉ်အောက်တွင် CSR Project အသစ်တစ်ခုကိုလည်း ဆောင်ရွက်လျက်ရှိသည်။ထိုအစီအစဉ်တွင် MAI သည် တွယ် ရာမဲ့ဘိုးဘွားများစောင့်ရှောက်ရေး ဂေဟာဖြစ်သည့် ရီမာပရဟိအား ကျိုက်ဝိုင်း မသန်စွမ်းပြုစု စောင့်ရှောက်ရေးဂေဟာနှင့်မိဘမဲ့ကလေးများစောင်ရှောက်ရေး ဂေဟာဖြစ်သည့် မေတ္တာအိမ် ပရဟိတအစရှိ သည့်အဖွဲ့အစည်းများမှ အကူအညီလိုအပ်နေသည့် အဘိုးအဘွားများ၊လူငယ်များနှင့် ကလေးငယ်များအတွက် အထောက်အပံ့များပေးအပ်သွားမည်ဖြစ်သည်။

“၂၀၂၄ ခုနှစ်ဟာ MAI အတွက် လုပ်ငန်းဆိုင်ရာအောင်မြင်မှုတွေအပြင် လူထု အကျိုးပြုအစီအစဉ်များစွာကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့ ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ MAGIP Program ကို စတင်မိတ်ဆက်ခြင်းကဲ့သို့ မဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ပြည်သူလူထုကို တစ်ဖက်တစ်လှမ်းမှ ပြန်လည်အကျိုးပြုပေးနိုင်မယ့်CSR Project တွေကိုလည်း အကောင်အ ထည်ဖော်ပြီး MAI အဖွဲ့အစည်းအတွင်းအပြင်နှစ်ခုလုံးမှာ အကျိုးရှိစေမယ့်အစီအစဉ် များစွာကိုဆောင်ရွက်နေပါတယ်။ ရှေ့ဆက် ပြီးလည်း MAI ရဲ့ ဝန်ဆောင်မှု အရည်အသွေးနဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေမှာအမြင့်ဆုံးစံနှုန်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးမှာ အဓိကကျတဲ့ဝန်ထမ်းတွေအတွက် လေ့ကျင့်သင်ကြားမှုတွေနဲ့ ရင်းနှီး မြှပ်နှံမှုတွေကို ပိုမိုလုပ်ဆောင်ပေးသွားပါမယ်။လူမှုအသိုင်းအဝိုင်းမှာ ပိုမိုတောက်ပတဲ့အနာဂတ်တွေကို ကျွန်တော်တို့ အတူတကွ ဖော်ဆောင်ကြပါမယ်”ဟု MAI လေကြောင်းလိုင်း၏ CEO/CCO ဖြစ်သူ Tanes Kumar မှ ပြောကြားခဲ့သည်။

ယင်းအခမ်းအနား၏အနှစ်ချုပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် မကြာသေးမီက ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံတွင်အလုပ်လုပ် ကိုင်ရန်အ ကောင်းဆုံးကုမ္ပဏီများတွင်တစ်ခုအဖြစ် ဂုဏ်ယူစွာ မှတ်တမ်းတင်နိုင်ခဲ့သည့် အထိမ်းအမှတ်အား ကျင်းပပြုလုပ်ခဲ့သည်။                                               

အဆိုပါမှတ်တမ်းတင်မှုသည် မြန်မာနိုင်ငံတွင် BCIM ဆုရရှိသည့် ပထမဆုံး လေကြောင်းလိုင်းအဖြစ် မှတ်တွင်နိုင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီနှင့် ဝန်ထမ်းများအကြား အပြန်အလှန်လေးစား တန်ဖိုးထားမှု အပြင် ၄င်းတို့၏ အလုပ်အကိုင်အခွင့်လမ်းများအတွက် အတွေ့အကြုံကောင်းများရရှိနိုင်သည့်၊ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ပေးနိုင်သည့် လုပ်ငန်းခွင်တစ်ခုဖြစ်အောင် ဖန်တီးပေးနိုင်ခြင်းတို့ကြောင့် BCIM တွင် ယခုကဲ့သို့ အသိအမှတ်ပြုဖော်ပြခံရခြင်းဖြစ်ကြောင်း သိရသည်။

         

Most Read

Most Recent