ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်စတဲ့ Elite ပြိုင်ပွဲတွေမှာ လုပ်ပွဲသံသယကင်းစင်နိုင်ပေမယ့် အောက်တန်းလိဂ်တွေဟာ လောင်းကစားဒိုင်တွေရဲ့ကြေးကစားပွဲထဲက ရုန်းမထွက်နိုင်ပါဘူး။ အခုမတ်လအတွင်းမှာ ဘရာဇီးလ်လိဂ်က ကစားသမား ၁၆ ဦးဟာ လုပ်ပွဲကစားလို့ အရေးယူခံရတယ်။ အရေးယူခံရတဲ့ ၁၆ ဦးထဲက ထက်ဝက်ဟာ ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ ကစားနေသူတွေပါ။ စီးရီးအေလိုပဲ လာလီဂါရပ်ဝန်းလည်း လုပ်ပွဲဂယက်ထခဲ့ဖူးတယ်။ ဘွန်ဒစ်လီဂါမှာဆိုရင် ၂၀၀၅ ခုနှစ် Refereeing Scandal ရှိခဲ့ဖူးပါတယ်။ လောင်းကစားစျေးကွက် တစ်ခုလုံးရဲ့သဘောတရားနဲ့ အယူအဆဟာ တစ်မိနစ်ချင်း သတိထားလည်ပတ်နေပြီး စွန့်စားခန်းဖွင့်သူတွေရဲ့အခြေခံအတွေးအခေါ်ကို ကောင်း ကောင်းကြီး နားလည်သဘောပေါက်နေတယ်။ ဘရိုက်တန်အသင်းပိုင်ရှင် တိုနီဘလွန်းလို လောင်းကစားစျေးကွက်ထဲ ရင်းနှီးမြှုပ်နှံချင်သူတွေ ပိုများလာလေလေ ဘောလုံးလောကဟာ ပိုပြီး အန္တရာယ်များလာလေလေပါပဲ။
လောင်းကစားဒိုင်တွေထိန်းချုပ်နေတဲ့ ဘောလုံးလောကလား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















