သံဖြူဇရပ်မြို့နယ် ရေး - သံဖြူဇရပ် ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ

သံဖြူဇရပ်မြို့နယ် ရေး - သံဖြူဇရပ် ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ
Published 8 October 2024

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အေးကမ္ဘာကျေးရွာအနီး ရေး - သံဖြူဇရပ်ကားလမ်းတွင် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက ခရီးသည်တင်မှန်လုံယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ရေးမြို့ဘက်မှ သံဖြူဇရပ်မြိုဘက်သို့ မောင်းနှင်လာသော ရွှေစင်စင်္ကြာခရီးသည်တင်မှန်လုံယာဉ်မှာ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က သံဖြူဇရပ်မြို့နယ် အေးကမ္ဘာကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်က ထားဝယ်ကနေ ရန်ကုန်ဘက်ကို သွားတဲ့ ယာဉ်လို့သိရပါတယ်။ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည်ကရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ နေထိုင်တဲ့ အသက် (၃၀) နှစ်အရွယ် မနွယ်ရီလင်းလို့သိရတယ်။ ဘယ်ဘက်ပေါင်ရင်းမှာ လက်နက်ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့တာပါ” ဟု ပြောကြားသည်။

ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သူ မနွယ်ရီလင်းအား သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရကြောင်း နှင့် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

မော်လမြိုင် - မုဒုံ - သံဖြူဇရပ် - ရေး - ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမပေါ်တွင် မကြာခဏတိုက်ပွဲဖြစ်ပွားခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချကများအရ သိရသည်။

Most Read

Most Recent