၅၆ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ထီဆုကြီးဖြစ်သည့် ကျပ်သိန်း ၅၀၀၀ ဆုအပါအဝင် ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆုနှင့် ဆုမဲတစ်သောင်းသုံးထောင်ကျော် ထုတ်ယူရန် ကျန်ရှိနေ

၅၆ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ထီဆုကြီးဖြစ်သည့် ကျပ်သိန်း ၅၀၀၀ ဆုအပါအဝင် ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆုနှင့် ဆုမဲတစ်သောင်းသုံးထောင်ကျော် ထုတ်ယူရန် ကျန်ရှိနေ
Published 7 October 2024

၅၆ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ထီဆုကြီးဖြစ်သည့် ကျပ်သိန်း ၅၀၀၀ ဆုအပါအဝင် ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆုနှင့် ဆုမဲတစ်သောင်းသုံးထောင်ကျော် ထုတ်ယူရန် ကျန်ရှိနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။ 

ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၅၆ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ ၁၀၇၄၅၇ ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၃၆၅၅ ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါလာရောက်ထုတ်ယူခြင်းမရှိသော ကျပ်သိန်း ၅၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ ခုနစ်ဆု၊ ကျပ် ၁၀ သိန်း သုံးဆု၊ ကျပ်သုံးသိန်း ခြောက်ဆု၊ ကျပ်နှစ်သိန်း ၆၃ ဆု၊ ကျပ်တစ်သိန်း ၁၁၆၉ ဆု၊ ကျပ်ငါးသောင်းဆု ၂၆၉၇ ဆုနှင့်  ကျပ်တစ်သောင်းဆု ၉၇၀၃ ဆု စသည့်ဆုရလက်မှတ်များကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့ တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဆုမဲများအား အောက်တိုဘာ ၃၁ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။

Most Read

Most Recent