တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်း႐ြာရွိ မယ္ဆိုင္ေခ်ာင္းကူးတံတား ေခ်ာင္းေရျဖင့္ ေမ်ာပါပ်က္စီးခဲ့ၿပီး လူႏွင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ား ျဖတ္သန္းႏိုင္ရန္ ယာယီတံတား ေဆာက္လုပ္ထား

တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်း႐ြာရွိ မယ္ဆိုင္ေခ်ာင္းကူးတံတား ေခ်ာင္းေရျဖင့္ ေမ်ာပါပ်က္စီးခဲ့ၿပီး လူႏွင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ား ျဖတ္သန္းႏိုင္ရန္ ယာယီတံတား ေဆာက္လုပ္ထား
Published 3 October 2024

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာရှိ မယ်ဆိုင်ချောင်းကူးတံတား ချောင်းရေဖြင့် မျောပါပျက်စီးခဲ့ပြီး လူနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းနိုင်ရန် ယာယီတံတား ဆောက်လုပ်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး လွယ်တော်ခမ်းကျေးရွာရှိ အရှည် ၁၀၀ ပေ၊ အကျယ် ၁၅ ပေရှိ မယ်ဆိုင် ချောင်းကူး သံဘောင်ဘေလီတံတားသည် ရေစီးနှင့်မျောပါပျက်စီးသွားခဲ့ရကြောင်း သိရသည်။

အဆိုပါတံတားပျက်စီးခဲ့သည့်နေရာ၌ ယခုအခါ ယာယီတံတား ဆောက်လုပ်ထားရှိ၍ မော်တော်ဆိုင်ကယ်နှင့် လူများဖြတ်သန်း သွားလာနိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ကာ တံတားအသစ်အား အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယ်ဆိုင်ချောင်းကူးတံတား ပျက်စီးခဲ့သည့်နေရာအား အောက်တိုဘာ ၁ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent