မြဝတီရေဘေးသင့်ပြည်သူများအား ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများက ဆန်နှင့် စားသောက်ဖွယ်ရာများလှူဒါန်း

မြဝတီရေဘေးသင့်ပြည်သူများအား ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများက ဆန်နှင့် စားသောက်ဖွယ်ရာများလှူဒါန်း
Published 30 September 2024

မိုးသည်းတန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေ မြင့်တက်ကာ မြဝတီမြို့တွင် ရေကြီးရေလျှံမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေး၊နေထိုင်စားသောက်ရေး ခက်ခဲနေသည့် အနိမ့်ပိုင်းရှိရေဘေးသင့်သူများအား ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများကိုယ်စား အလင်းသစ်လူမှုကယ်ဆယ်ရေးအသင်းသားများက စက်တင်ဘာလ ၂၉ ရက်နေ့က အခြေခံစားကုန်ဆန်နှင့်စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုင်းရောက်မြန်မာနိုင်ငံသားများစုပေါင်းလှူဒါန်းမှုအား  မထွေးထွေးမူ၊မဒါ၊ကိုလမင်းအောင်တို က လက်ခံစုဖွဲကာ မြဝတီမြို အမှတ်၅ရပ်ကွက်ကျွန်းတောအောက်ချိုင့်နေ ပြည်သူမိသားစု ၂၅၀ စာအတွက် ဆန်၊ဆီ၊ငါးသေတ္တာ၊ခေါက်ဆွဲခြောက်၊.ဆေးဝါး၊ငါးခြောက်၊မုန့်အမယ်စုံတိုကို အလင်းသစ်လူမှုကယ်ဆယ်ရေးအသင်းကကိုယ်စားသွားရောက်လှူဒါန်းခြင်းဖြစ်သည်ဟုသိရသည်။

ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများသည်ကိုယ်တိုင် အခက်အခဲများစွာဖြင့်တိုင်းတစ်ပါးတွင်အလုပ် လုပ်ကိုင်နေကြရသော်လည်း ပြည်တွင်၌ ရေဘေးသင့်မိမိနိုင်ငံသားများအားအတွက် မိမိချွေးနည်းစာထဲက လှူဒါန်းကြခြင်းဖြစ်သည်ဟု လှူဒါန်းမှုတွင်ပါဝင်ခဲ့သူတစ်ဦးကပြောသည်။

"ရေဘေးပြန်လည်ထူထောင်ရေးအတွက်ကိုယ်ချင်းစာတရား ရှိတဲ့စေတနာရှင်အလှူရှင်တွေက နိုင်သလောက်လေးတွေ လှူဒါန်းတယ်။အမှန်တကယ်လိုအပ်နေရာဒေသ ရှိမိဘပြည်သူများ၏ လက်ထဲ လှူဒါန်းပေးပါလိုအကူအညီတောင်းလာတဲ့အတွက် အသင်းရှိ စေတနာ့ဝန်ထမ်းတွေနဲ့စနစ်တကျသွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်"ဟုအလင်းသစ် - Rescue Myawaddy မှတာဝန်ခံကိုအောင်ဇော်ဦးကပြောသည်။

မြဝတီမြိုတွင် ရေကြီးရေလျှံမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းကြောင့် မြိုပေါ်၅ရပ်ကွက်လုံးနစ်မြု်ခဲ့ကာ အိမ်ထောင်ပရိဘောဂများ၊ရောင်းကုန်ပစ္စည်းများ၊လူ့အသုံးအဆောင်များ များစွာဆုံးရှုးခဲ့ပြီး အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် အမှတ်၂ ခွန်ဆာဝင်းအောက်ချိုင့်၊အမှတ်၅ ကျွန်းတော အောက်ချိုင့်၊သောင်ရင်းမြစ်ကမ်းစပ်အနီးနေသူများ၊သရက်ပင်ဂိတ်အောက်ချိုင့်နေသူများ၊ကျောက်ဖျာဂိတ်အောက်ချိုင့်နေသူများမှာ နေအိမ်ခေါင်မိုးပါမကျန်နစ်မြုတ်ခဲ့သလိုရေစီးနှင့် မျောပါသွားသည့်နေအိမ်များလည်းရှိကြောင်းသိရသည်။

Most Read

Most Recent